Home
အားကစား
ချန်ပီယံလိဂ်ဆုဖလားကို အာဆင်နယ် စိန်ခေါ်နိုင်ဟု နည်းပြအာတေတာ သုံးသပ်
DVB
·
October 2, 2024
Photo - REUTERS/Alessandro Garofalo

ချန်ပီယံလိဂ်ဆုဖလားကို အာဆင်နယ်အသင်း စိန်ခေါ်နိုင်စွမ်းရှိကြောင်း နည်းပြအာတေတာ က သုံးသပ်သွားပါတယ်။

PSF အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီးနောက် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ချန်ပီယံဆုဖလားနဲ့ ပတ်သက်လို့ နည်းပြအာတေတာက မှတ်ချက်ပေးခဲ့တာပါ။

အာဆင်နယ်အသင်းဟာ ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲက တသင်းလို ကစားနိုင်ပြီး အသင်းရဲ့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ဟာလည်း မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာရှိနေကြောင်း နည်းပြ အာတေတာက ပြောပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲဟာ မတူညီတဲ့တောင်းဆိုမှုတွေရှိတဲ့ ပြိုင်ပွဲဖြစ်ပြီး အသင်းသားတွေဘက်က အောင်မြင်စွာနဲ့ ကျော်ဖြတ်ပြနိုင်ခဲ့ကြောင်းလည်း နည်းပြအာတေတာက ပြောသွားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013