အာဆင်နယ်ဂိုးသမား ဂျက်ပေါ်တာဟာ ဘော်တန်နဲ့ လိဂ်ဖလားပွဲစဉ်မှာ ပွဲထွက်ခွင့်ရခဲ့ပြီး အသင်းသမိုင်း တလျှောက် အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။
အသက် ၁၆ နှစ်ပဲရှိသေးတဲ့ အင်္ဂလန်လူငယ်လက်ရွေးစင်ဂိုးသမားဟာ စက်တင်ဘာ ၂၆ ရက် မနက်ပိုင်းက ယှဉ်ပြိုင်ကစားသွားတဲ့ ဘော်တန်နဲ့ လိဂ်ရူံးထွက်ဖလားမှာပွဲထွက်ခွင့်ရခဲ့တာပါ။
ဂိုးသမား ဂျက်ပေါ်တာဟာ အသက် ၁၆ နှစ်နဲ့ ၁၀ ရက်သာရှိသေးပြီး ၂၀၀၃ ခုနှစ်က အသက်၁၆ နှစ်၊ ၇၂ ရက်နဲ့ အသက်အငယ်ဆုံးပွဲထွက်ကစားခွင့်ရသူအဖြစ် စံချိန်တင်ထားတဲ့ ဖာဘရီဂတ်စ်ရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာပါ။
အာဆင်နယ်အသင်းမှာ ပွဲထွက်ဂိုးသမား ဒေးဗစ်ရေရာက ဒဏ်ရာရရှိနေသလို အရန်ဂိုးသမား နီတိုဟာလည်း ဘုန်းမောက်မှာရှိစဉ်က လိဂ်ရူံးထွက်ပွဲကစားခဲ့တာကြောင့် ပွဲကစားခွင့် မရှိခဲ့တာ ဖြစ်ပါတယ်။
Photo-Reuters