ချန်ပီယံလိဂ်ဒုတိယပွဲစဉ်မှာ PSG အသင်းဟာ အာဆင်နယ်အသင်းရဲ့ သင်ခန်းစာပေးခြင်းခံခဲ့ရတယ်လို့ နည်းပြလမ်းပတ်က သုံးသပ်သွားပါတယ်။
အာဆင်နယ်ဟာ အိမ်ကွင်းမှာ PSG ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး အာဆင်နယ်ရဲ့ စွမ်းဆောင်ရည်ကို နည်းပြလမ်းပတ်က ချီးကျူးခဲ့ပါတယ်။
ရုပ်ပိုင်းဆိုင်ရာနဲ့ နိုင်လိုစိတ် ပိုမိုကောင်းမွန်ပြီး မြန်နှုန်းမြင့်ကစားနိုင်ခဲ့တဲ့ အာဆင်နယ်က PSG အသင်းကို သင်ခန်းစာပေးသွားခဲ့ပြီး PSG အတွက် အလွန်ခက်ခဲတဲ့ပွဲစဉ်ဖြစ်ကြောင်း နည်းပြလမ်းပတ်က ပြောပါတယ်။
ချဲလ်ဆီး ဂန္ထဝင်ကစားသမားဟာ လက်ရှိအချိန်အထိ အသင်းလက်မဲ့ ဖြစ်နေဆဲဖြစ်ပြီး ချန်ပီယံလိဂ်ပွဲစဉ်တွေကို ဝေဖန်သုံးသပ်သူအဖြစ် လုပ်ဆောင်နေတာဖြစ်ပါတယ်။