တရုတ်နိုင်ငံရဲ့ ရေခဲမြို့တော် လို့ လူသိများတဲ့ ဟာပင်းမြို့မှာ ကမ္ဘာ့အကြီးဆုံး ရေခဲနဲ့နှင်းပန်းခြံကြီးကို ဒီတပတ် ရုံးပိတ်ရက်ကစလို့ ဖွင့်လှစ်ထားပါတယ်။
ဟာပင်း ရေခဲ-နင်းကမ္ဘာလို့ခေါ်တဲ့ ဒီပန်းခြံကြီးကို ဒီကာလရောက်တိုင်းဖွင့်လှစ်ခဲ့တာ အခုဆိုရင် ၂၆ ကြိမ်မြောက်ရှိပြီဖြစ်ပါတယ်။
ပန်းခြံကြီးကို ရေခဲနဲ့နှင်း ကုဗမီတာ ၃ သိန်းကျော်နဲ့ တည်ဆောက်ထားပြီး လာမယ့်နှစ် တရုတ်နှစ်သစ်ကူးအပြီးမှာကျင်းပမဲ့ အာရှဆောင်းရာသီအားကစားပွဲကို ဖော်ကျူးထားတဲ့ အလှဆင်မှုတွေလည်း ပါဝင်ပါတယ်။
ဒီနှစ်မှာ ပန်းခြံအကျယ်အဝန်းကို အရင်နှစ်တွေထက်ပိုမိုချဲ့ထွင်ထားပြီး စတုရန်းမီတာ တသန်းအထိ ရှိလာပါပြီ။
အဓိကဇုန် ၉ ခုခွဲထားပြီး၊ အာရှနိုင်ငံအသီးသီးက ထင်ရှားတဲ့နေရာတွေကို ရေခဲတွေ၊ နှင်းတွေနဲ့ ပုံဖော်တည်ဆောက်ထားတာဖြစ်ပါတယ်။
ညဘက်မှာ မီးရောင်စုံနဲ့ ထွန်းညှိထားတဲ့ တရုတ်ရဲ့ ကောင်းကင်ဗိမာန်၊ ဂျပန်ရဲ့ အိုဆာကာရဲတိုက်နဲ့ အိန္ဒိယရဲ့ တာ့ဂျ်မဟာ ပုံတူတွေကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။
Source: Reuters