ဘရာဇီးနိုင်ငံမှာ ဒီဇင်ဘာ ၂၁ ရက် အစောပိုင်းက ကုန်တင်ကားတစီးနဲ့ လူအပြည့်တင်လာတဲ့ ဘတ်စ်ကား တစီးတို့ တိုက်မိခဲ့လို့ လူ ၂၂ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ မီးသတ်ဌာနက ပြောပါတယ်။
မီးနပ်စ်ဂျဲရိုက်စ်ပြည်နယ် တေအိုဖီလို အိုတိုနီမြို့နားက အဝေးပြေးလမ်းမကြီးပေါ်မှာ မနက် ၄ နာရီက ခရီးသည် ၄၅ ယောက်ကို တင်လာတဲ့ ဘတ်စ်ကားက တာယာကွဲအပြီး ယာဉ်မောင်းက ကားကို မထိန်းနိုင်တော့ဘဲ ကြွေပြားတွေတင်လာတဲ့ ကုန်ကားကို ဝင်တိုက်ခဲ့တာပါ။
ပျက်စီးသွားတဲ့ ဘတ်စ်ကားပေါ်က ခရီးသည် ၁၃ ယောက်ကို ကယ်တင်ခဲ့တယ်လို့ မီးသတ်သမားတွေက ပြောပါတယ်။
ယာဉ်တိုက်မှုဖြစ်အပြီး အသက်ရှင်ကျန်ရစ်သူ ၃ ယောက် ကုန်တင်ကားအောက်မှာ ပိတ်မိနေခဲ့ပါတယ်။
မီးသတ်သမားတွေက ဘတ်စ်ကားပေါ်က အလောင်း ၂၂ လောင်းကို သယ်ထုတ်ခဲ့ပြီး နောက်ထပ် သေဆုံးသူတွေကို ဖယ်ဖို့ ကျန်သေးတယ်လို့ မီးသတ်ဌာနက ထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာ မီးသတ်သမား အာလွန်ဆိုဗီအေးရား ဂျူနီယာက ပြောပါတယ်။
Source: Reuters