၂၀၂၂ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ပြောင်းပြန်လှန်ဖို့ နိုဝင်ဘာလမှာ အာဏာသိမ်းဖို့ ကြံစည်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အငြိမ်းစား ဘရာဇီးတပ်မတော်ဗိုလ်ချုပ်ကြီးနဲ့ ကာကွယ်ရေး ဝန်ကြီးဟောင်း ဝေါလ်တာ ဘရာဂါ နတ်တိုကို ဒီဇင်ဘာ ၁၄ ရက်က ဖမ်းဆီးခဲ့တယ်လို့ ပြည်ထောင်စုရဲတပ်ဖွဲ့က ပြောလိုက်ပါတယ်။
ဘရာဂါ နတ်တို ဟာ အရင်သမ္မတ ယဲ ဘော်စိုနာရို အတွက် ကာကွယ်ရေးဦးစီးချုပ်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပြီး မအောင်မြင်တဲ့ ၂၀၂၂ ရွေးကောက်ပွဲမှာ ဒုသမ္မတလောင်းအဖြစ် အရွေးခံသူလည်း ဖြစ်ပါတယ်။
အာဏာသိမ်းဖို့ ကြိုးပမ်းမှုမှာ အဓိကပုဂ္ဂိုလ်အဖြစ် ရဲတပ်ဖွဲ့က စွပ်စွဲခံထားရတဲ့ ဘရာဂါ နတ်တိုက ဒီဖြစ်ရပ်မှာ ဘယ်အခန်းကဏ္ဍကမှ မပါဘူးလို့ ငြင်းဆိုထားပါတယ်။
သူ့ ရှေ့နေတွေက မှတ်ချက်ပေးဖို့တောင်းဆိုချက်ကို ချက်ချင်းအကြောင်းမပြန်ခဲ့ပါဘူး။
ရီယိုဒီ ဂျနေရိုမြို့က ဘရာဂါ နတ်တိုရဲ့ အိမ်နဲ့ မြို့တော် ဘရပ်စီးလီးယားမှာရှိတဲ့ အငြိမ်းစားဗိုလ်မှူးကြီး ဖလာဗီယို ဘိုတဲဟို ပေရေဂရီနိုတို့ရဲ့ အိမ်တွေကိုလည်း ရှာခဲ့တယ်လို့ စစ်တပ်က သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဘရာဂါ နတ်တိုကို ရီယိုမြို့က စစ်တပ်အချုပ်အနှောင်အောက်မှာ ထားမယ်လို့လည်း ထည့်ပြောခဲ့ ပါတယ်။
နိုဝင်ဘာလမှာ ပြည်ထောင်စုရဲတပ်ဖွဲ့ဟာ ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲမှာ သမ္မတ လူးဝစ် အင်နာစီယို လူလာဒယ် ဆေဗာကို အာဏာသိမ်းဖို့ကြံစည်မှုနဲ့ ဘော်စိုနာရို အပါအဝင် တခြားအစိုးရအဖွဲ့ဝင်တွေ၊ စစ်ဘက်တပ်မှူးဟောင်းတွေနဲ့အတူ ဘရာဂါ နတ်တိုကို စွပ်စွဲခဲ့ပါတယ်။
Source: Reuters