Home
မြန်မာသတင်း
နေပြည်တော်တွင် ရဲကားနှင့် အိမ်စီးကားတိုက်မိပြီး ရဲ ၂ ဦးသေ၊ ၁၅ ဦးဒဏ်ရာရ
DVB
·
December 4, 2024

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ သံတမန်ဇုန်ထဲက ရွှေပြည်တော်ဝင်လမ်းနဲ့ သဇင်လမ်းဆုံမှာ ဒီဇင်ဘာ ၂ ရက် ည ၇ နာရီက အိမ်စီးကားနဲ့ ရဲကားတစီး တိုက်မိပြီး ရဲ ၂ ယောက် သေဆုံးကာ ၁၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ နေပြည်တော် သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၂ ရက် ည ၇ နာရီက သံတမန်ဇုန်ထဲမှာ လှည့်ကင်းလှည့်နေတဲ့ လုံခြုံရေးရဲကားတစီးနဲ့ ပုပ္ဗသီရိမြို့နယ်က အိမ်စီးကားတစီး တိုက်မိခဲ့တာလို့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“အိမ်စီးကားက အမျိုးသမီးလည်း ဒဏ်ရာရတယ်၊ ရဲ ၁၇ ယောက် ဒဏ်ရာရတယ်၊ ၂ ယောက် သေတယ်၊ ၁၅ ယောက်က ဆေးရုံမှာပဲ။”

ကား ၂ စီး မျက်နှာချင်းဆိုင်တိုက်မှုကြောင့် ဒဏ်ရာရခဲ့တဲ့ ရဲအရာရှိ ၃ ယောက်နဲ့ အခြားအဆင့် ၁၄ ယောက်ကို နေပြည်တော် ခုတင် ၁၀၀၀ ကို ပို့ခဲ့ရာ ဒီဇင်ဘာ ၃ ရက် မနက်မှာ ဒုရဲအုပ်တယောက်နဲ့ တပ်ကြပ်ကြီးတယောက် သေဆုံးခဲ့တာလို့ မြို့နယ်ရဲစခန်းနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“ကားခေါင်းခန်းမှာထိုင်တဲ့ ဒုရဲအုပ်တယောက်နဲ့ တပ်ကြပ်ကြီး ဒီနေ့မနက် ဆုံးသွားတယ်၊ ကျန်တဲ့သူတွေက လက်ကျိုး ခြေကျိုး ဒဏ်ရာတွေချည်းပဲ၊ အခုချိန်ထိ ဆေးရုံမှာပဲ။”

လတ်တလောမှာ အဆိုပါယာဥ်တိုက်မှုနဲ့ ပတ်သက်ပြီး ဒက္ခိဏသီရိ မြို့မရဲစခန်းက အိမ်စီးကားမောင်းနှင်သူကို အမှုဖွင့် စစ်ဆေးနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024