အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂျိုက်ပူရ်မြို့မှာ ဒီဇင်ဘာ ၂၀ ရက်က ဓာတ်ငွေ့လှောင်ကန်ပါ မော်တော်ယာဉ်တစီး ပေါက်ကွဲမှုကြောင့် လူ ၇ ယောက်ထက်မနည်း သေဆုံးပြီး ဒါဇင်ချီ ဒဏ်ရာရရှိခဲ့ပါတယ်။
အခင်းဖြစ်ပွားပြီး မကြာခင်မှာ သေဆုံးသူ အနည်းဆုံး ၄ ယောက်ရှိကြောင်း သတင်းတွေ ထွက်ခဲ့ပေမဲ့ အချိန်ကြာလာတာနဲ့အမျှ သေဆုံးသူအရေအတွက် တိုးလာပြီး ၈ ယောက်၊ ၉ ယောက်အထိ ရှိကြောင်းလည်း ပြောဆိုနေကြတာပါ။
လူ ၃၅ ယောက်လောက် ဒဏ်ရာရသွားတယ်လို့ ရာဂျက်စ်သန်ပြည်နယ် ဝန်ကြီးချုပ် ဘာဂျန် လာလ် ရှာမာက ပြောပါတယ်။
မီးသတ်သမားတွေဟာ မီးလောင်နေတဲ့ မော်တော်ယာဉ်တွေကို မီးငြှိမ်းသတ်ဖို့ လုပ်ဆောင်နေပြီး မီးလောင်ထားတဲ့ မော်တော်ယာဉ်တွေထဲကနေ ရုပ်အလောင်းတွေကို ထုတ်ယူခဲ့ကြပါတယ်။
ကနဦးသတင်းတွေအရ သောကြာနေ့အစောပိုင်းက ဓာတ်ငွေ့တင် မော်တော်ယာဉ်နဲ့ တခြားထရပ်ကားတစ်စီးတို့ တိုက်မိပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဖော်ပြကြပါတယ်။
ပေါက်ကွဲမှုကြောင့် မီးခိုးငွေ့တွေ ထွက်လာပြီး လမ်းတလျှောက်က မော်တော်ယာဉ် အများအပြားကို တိုက်မိခဲ့ကြောင်း မျက်မြင်သက်သေတယောက်က ပြောပါတယ်။
Source : Reuters