အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးမြို့တော် မွမ်ဘိုင်းရဲ့ကမ်းလွန်မှာ ခရီးသည်အယောက် ၈၀ နဲ့ အမှုထမ်း ၅ ယောက် တင်ဆောင်လာတဲ့ စက်လှေတစီးကို စပိဘုတ်တစီးက ဒီဇင်ဘာ ၁၈ ရက်မှာ တိုက်မိပြီးတဲ့နောက် တိမ်းမှောက်ခဲ့ပါတယ်။
စုစုပေါင်း လူ ၇၅ ယောက်နဲ့ အမှုထမ်း ၅ ယောက်စလုံးကို ကယ်ဆယ်နိုင်ခဲ့ပြီး တယောက် သေဆုံးခဲ့တယ်လို့ မြို့တော်ရဲ့ အရပ်ဘက်အဖွဲ့အစည်းဖြစ်တဲ့ ဘရီဟန် မွမ်ဘိုင်း မြူနီစီပယ်ကော်ပိုရေးရှင်းက ပြောပါတယ်။
ကျန်ခရီးသည်တွေအတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေတယ်လို့လည်း သူတို့က ဆက်ပြောပါတယ်။
နီးကမန်လို့ ခေါ်တဲ့ ပုဂ္ဂလိကပိုင် ခရီးသည်တင်သင်္ဘောဟာ မွန်ဘိုင်းကမ်းရိုးတန်းကနေ နာမည်ကြီး ခရီးသွားနေရာတခုဖြစ်တဲ့ အဲလီဖန်တာ လိုဏ်ဂူဆီသို့ ဦးတည်သွားနေချိန်မှာ တိမ်းမှောက်ခဲ့တာလို့ ဘရီဟန်မွမ်ဘိုင်း မြူနီစီပယ်ကော်ပိုရေးရှင်းက ပြောခဲ့ပါတယ်။
Source: Reuters