ပါကစ္စတန် ရေကြောင်းလုံခြုံရေးအေဂျင်စီ (PMSA) ဟာ အိန္ဒိယကုန်တင်သင်္ဘော နစ်မြုပ်ပြီးနောက် အသက်ကယ်လှေက အသက်ရှင်ကျန်ရစ်သူ ၁၂ ယောက်ကို ဒီဇင်ဘာ ၄ ရက်မှာ ကယ်ဆယ်နိုင်ခဲ့ပြီး ရေကြောင်းကယ်ဆယ်ရေးလုပ်ငန်းကို အောင်မြင်စွာ ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့ပါတယ်။
PMSA ရဲ့ သတင်းထုတ်ပြန်ချက်အရ ဒေသစံတော်ချိန် ၁၀ နာရီ မိနစ် ၂၀ မှာ ပါကစ္စတန် ရေကြောင်းကယ်ဆယ်ရေး ညှိနှိုင်းရေးစင်တာ (MRCC) ဟာ အိန္ဒိယ၊ မွမ်ဘိုင်း ရေကြောင်းကယ်ဆယ်ရေး ညှိနှိုင်းရေးစင်တာက သင်္ဘောနစ်မြုပ်မှုမှ အသက်ရှင် ကျန်ရစ်သူတွေကို ရှာဖွေကယ်ဆယ်ပေးဖို့ အကူအညီ တောင်းခံထားတဲ့ အရေးပေါ် အီးမေးလ်ကို လက်ခံရရှိခဲ့ပါတယ်။
MSV AL ပီရာနီပီယာ သင်္ဘောဟာ ပါကစ္စတန်ရဲ့ သီးသန့်စီးပွားရေးဇုန် (EEZ) မှာ နစ်မြုပ်သွားခဲ့ပြီး သူ့ရဲ့ အမှုထမ်း ၁၂ ယောက်ဟာ အသက်ကယ်လှေပေါ်မှာ ကူကယ်ရာမဲ့ အခြေအနေ ရှိနေတယ်လို့ သိလိုက်ရပါတယ်။
PMSA ဟာ များပြားလှတဲ့ ကိရိယာပစ္စည်းတွေ အေဂျင်စီတွေပါဝင်တဲ့ ညှိနှိုင်းကယ်ဆယ်ရေး လုပ်ငန်းကို စတင်ခဲ့ပါတယ်။
အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေဖို့ PMSA လေယာဉ်ကို ချက်ချင်းတာဝန်ပေးခဲ့ပါတယ်။ ကယ်ဆယ်ရေးမှာ အကူအညီပေးဖို့ အနီးနားရှိ ခရီးသည်တင် ရေယာဉ်တွေကိုလည်း တောင်းဆိုခဲ့ပါတယ်။
ပူးတွဲ ရေကြောင်းသတင်းအချက်အလက် ညှိနှိုင်းရေးစင်တာ (JMICC) ဟာ ပါကစ္စတန်ရေတပ်နဲ့ PMSA သင်္ဘောတွေကို တပ်လှန့်မှု အရှိန်အဟုန်မြှင့်ကာ ပူးပေါင်းဆောင်ရွက်မှုကို ချောမွေ့စေခဲ့ပြီး အနီးဆုံးရှိ ပါကစ္စတန် ရေတပ်သင်္ဘောကို အခင်းဖြစ်ပွားရာဆီ အမြန်စေလွှတ်ခဲ့ပါတယ်။
ဒါ့အပြင် အသက်ရှင်ကျန်ရစ်သူတွေကို ကိုယ် စိတ် အခြေအနေတွေ ပုံမှန်ပြန်ဖြစ်စေဖို့ ကပ်လျက်ရှိ သီးသန့်စီးပွားရေးဇုန် EEZ ရဲ့ အနီးနားရှိ အိန္ဒိယကမ်းခြေစောင့်တပ်သင်္ဘောကို လုပ်ပိုင်ခွင့်တွေ ပေးအပ်ပြီးတော့ လိုအပ်တဲ့ စီမံမှုတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။
Source : Reuters