ပါကစ္စတန် အနောက်မြောက်ပိုင်း ကူရမ်ခရိုင်မှာ ပြီးခဲ့တဲ့ သီတင်းပတ်နှောင်းပိုင်းက အကြိုအပစ်အခတ် ရပ်စဲထားပေမဲ့ ဂိုဏ်းဂဏစွဲဆိုင်ရာ ပဋိပက္ခတွေ ဆက်ဖြစ်နေသေးတယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။
အာဏာပိုင်တွေက ဖြေရှင်းချက်ပေးဖို့ ကြိုးပမ်းနေချိန်မှာပဲ သေဆုံးသူ အယောက် ၁၃၀ ကျော်သွားခဲ့တာပါ။
အာဖဂန်နစ္စတန်နယ်စပ်နားက ကူရမ်ခရိုင်ဟာ ဆယ်စုနှစ်များစွာ ကြာအောင် ဂိုဏ်းဂဏပိုင်း တင်းမာမှုတွေအတွက် မီးမောင်းထိုးပြစရာ နေရာတခုဖြစ်ပါတယ်။
ဆွန်နီနဲ့ ရှီးယိုက် မွတ်စလင်တွေကြား ထိပ်တိုက်တွေ့ကြတာတွေကြောင့် လူဒါဇင်ချီ သေဆုံးခဲ့ရပြီးနောက် ပြီးခဲ့တဲ့လက တိုက်ခိုက်မှုလှိုင်းသစ်တခု ဖြစ်ထွန်းလာခဲ့ပါတယ်။
ခရိုင်အုပ်ချုပ်ရေးမှူး ဝါဂျစ် ဟတ်ဆင်က ပြီးခဲ့တဲ့ သီတင်းတပတ်ခွဲအတွင်း တိုက်ခိုက်မှုတွေကြောင့် လူ ၁၃၃ ယောက် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။
ခုအချိန်အထိ ရုပ်အလောင်း ၅၀ နဲ့ ဒဏ်ရာရသူ အယောက် ၁၀၀ လောက် လက်ခံထားတယ်လို့ ကူရမ်ခရိုင်ရဲ့ အဓိကမြို့ဖြစ်တဲ့ ပါရာချီနာက ဆေးရုံတရုံမှာ ဒီဇင်ဘာ ၁ ရက်က ပြောခဲ့ပါတယ်။
Source : Reuters