ဂါဇာစီးတီးရှိ လူနေအဆောက်အအုံတခုကို နိုဝင်ဘာ ၂၀ ရက်က အစ္စရေးတို့ရဲ့ တိုက်ခိုက်မှု အတွင်း လူပေါင်း ၂၂ ယောက် သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပြီး နိုဝင်ဘာ ၂၁ ရက်မှာ ဒေသခံတွေဟာ အပျက်အစီးနဲ့ အမှိုက်သရိုက်တွေထဲမှာ ရှာဖွေနေကြပါတယ်။
ည ၈ နာရီ ၅၇ မိနစ်မှာ အယ်လ်အာရူကီ မိသားစုနေအိမ် တိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံ အိမ်နီးချင်း မိုမန် ဒဝါဆဲက ပြောပါတယ်။
အခုချိန်ထိ လူ ၁၅ ယောက်၊ ၁၆ ယောက်ကို ဆွဲထုတ်ထားပြီး အပျက်အစီးတွေအောက်မှာ အခုထိ လူတွေ ရှိနေသေးတယ်လို့လည်း သူကဆိုပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ ထိုးစစ်ဆင်မှုကြောင့် ပါလက်စတိုင်း ၄၄,၀၅၆ ယောက်ထက်မနည်း သေဆုံးပြီး ၁၀၄,၂၆၈ ေယာက် ဒဏ်ရာရရှိခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ကတော့ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုနဲ့ သူ့ရဲ့ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ယိုအာ့ဗ် ဂါလန့်ထ် အပြင် ဟားမတ်စ် ခေါင်းဆောင် အီဘရာဟင်မ် အယ်လ်-မာစ်ရီ တို့ကို စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ဖမ်းဝရမ်းထုတ်ထားကြောင်း ပြောကြားပါတယ်။
Source : Reuters