ဆီးရီးယားနိုင်ငံရဲ့ သမိုင်းဝင် ပါးလ်မိုင်ရာမြို့မှာ အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း လူ ၃၆ ယောက် သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဆီးရီးယားနိုင်ငံပိုင် ဆာနားသတင်းအေဂျင်စီက နိုဝင်ဘာ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။
မျက်မြင်သက်သေတွေ ဗုဒ္ဓဟူးနေ့က ရိုက်ကူးခဲ့တဲ့ ဗီဒီယိုဖိုင်မှာတော့ တိုက်ခိုက်မှုကြောင့် လူနေအဆောက်အအုံတွေနဲ့ စက်မှုဇုန်တို့ကို ထိမှန်ခဲ့ပြီးနောက် ပါးလ်မိုင်ရာမြို့မှာ မီးခိုးလုံးကြီးတွေ တက်လာတာကို မြင်တွေ့ခဲ့ရပါတယ်။
အစ္စရေးစစ်တပ်ကို ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အခါ မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။
အစ္စရေးစစ်တပ်ဟာ ဟစ်ဇ်ဘိုလာဆီကို လက်နက်တွေ လွှဲပြောင်းရာမှာ အသုံးပြုတဲ့ ဆီးရီးယား-လက်ဘနွန် နယ်စပ်ရှိ ဖြတ်သန်းလမ်းကြောင်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ ပြီးခဲ့တဲ့သီတင်းပတ်က ပြောကြားခဲ့ပါတယ်။
ဆီးရီးယားနိုင်ငံပိုင်မီဒီယာက လက်ဘနွန်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဟွမ်းစ်ပြည်နယ်အနီး ပြီးခဲ့တဲ့တပတ်က အစ္စရေးရဲ့တိုက်ခိုက်မှု အများအပြားကို ဖော်ပြခဲ့ပါတယ်။ ပါးလ်မိုင်ရာ သမိုင်းဝင်မြို့ဟာ ဟွမ်းစ်ပြည်နယ်မှာ တည်ရှိပါတယ်။
Source : Reuters