အမေရိကန်မှာ ဝက်ကျောက်ကပ်နဲ့ အစားထိုးကုသမှုခံခဲ့တဲ့ အမျိုးသမီးတယောက်ရဲ့ အခြေအနေ မျှော်လင့်ချက်ရှိလာပြီလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
ကမ္ဘာ့ပထမဆုံး ဇက်နိုထရန်ပလန့်လို့ ခေါ်တဲ့ တိရစ္ဆာန်တွေရဲ့ အင်္ဂါအစိတ်အပိုင်းတွေနဲ့ လူကို အစားထိုးကုသမှုတခုဖြစ်ပြီး နယူးယောက်မြို့မှာ ပြုလုပ်ခဲ့တာပါ။
တိုဝါနာလိုနေး အမည်ရ အမျိုးသမီးတယောက်ဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ကျောက်ကပ်ပျက်စီးခဲ့တာကြောင့် ဝက်တကောင်ရဲ့ ကျောက်ကပ်နဲ့ အစားထိုးပြီး ဇက်နိုထရန်ပလန့် နည်းစနစ်နဲ့ ကုသမှုခံယူခဲ့ရသူတယောက် ဖြစ်လာပါတယ်။
လိုနေးဟာ အရင်နှစ်တွေက မိခင်ဖြစ်သူကို ကျောက်ကပ်လှူဒါန်းခဲ့ဖူးပြီး ဇက်နိုထရန်ပလန့် နည်းစနစ်နဲ့ ကုသမှုခံယူရမယ်လို့ မမျှော်လင့်ခဲ့ဘူးလို့ ဆိုပါတယ်။
ဒီခွဲစိတ်ကုသမှုကို နယူးယောက်မြို့ရှိ ဒေါက်တာ ရောဘတ်မွန်ဂို မာရီက ခေါင်းဆောင်ပြီး ပြုလုပ်ခဲ့တာပါ။
ဝက်တကောင်ကနေရတဲ့ ကျောက်ကပ်ကို ဗီဇ ၁၀ ခုလောက် ပြုပြင်ခဲ့ပြီး လူနဲ့ သဟဇာတဖြစ်အောင် မွမ်းမံခဲ့ရတယ်လို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက်က ပြုလုပ်တဲ့ ခွဲစိတ်ကုသမှုမှာ ၇ နာရီကြာမြင့်ခဲ့ပြီး ၁၁ ရက်ကြာအောင် လူနာကို အနီးကပ် စောင့်ကြည့်မှုတွေ ပြုလုပ်ခဲ့ရပါတယ်။
လိုနေးကို ဆေးရုံက ဆင်းခွင့်ပြုခဲ့ပြီး နောက်ပိုင်းမှာလည်း ကိုယ်အင်္ဂါအစိတ်အပိုင်းအသစ်တွေက သူ့ရဲ့ ခန္ဓာကိုယ်နဲ့ သဟာဇာတ ဖြစ်မဖြစ်ကြည့်ဖို့ ဆေးရုံကို နေ့စဉ်သွားခဲ့ရပါတယ်။
Source : Reuters