Home
မြန်မာသတင်း
ကရင်နီပြည်နယ်၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှု ပြုလုပ်
DVB
·
December 2, 2024
Photo : KNWO
Photo : KNWO
Photo : KNWO
Photo : KNWO
Photo : KNWO
Photo : KNWO
Photo : KNWO
Photo : KNWO
Photo : KNWO
Photo : KNWO

ကရင်နီပြည်နယ်ထဲက မြို့နယ်တွေနဲ့ ထိုင်း-ကရင်နီနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ နိုဝင်ဘာ ၂၅ ရက်ကစပြီး ဒီဇင်ဘာ ၁၀ ရက်အထိ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး  ၁၆ ရက်တာ လှုပ်ရှားမှုတွေကို ပြည်သူလူထုနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေတယ်လို့ ကယန်းအမျိုးသမီးအစည်းအရုံး (KNWO) တာဝန်ရှိသူက ပြောပါတယ်။

KNWO ဒုဥက္ကဋ္ဌက “ပဋိပက္ခတွေထဲမှာ အမျိုးသမီးတွေကို ကာကွယ်စေဖို့ရယ်၊ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေဘက်ကို လူထုက ပူးပေါင်းပါဝင်ဖို့ရယ်၊ လူထုကို အသိပေး နှိုးဆော်တာတွေ လုပ်တယ်။ နေ့ထူးနေ့မြတ်တွေမှာလည်း ထပ်ပြီးတော့ လုပ်သွားဖို့ ရှိပါတယ်” လို့ ပြောပါတယ်။

ထိုင်း-ကရင်နီနယ်စပ်က ဒုက္ခသည်စခန်းမှာ ၁၆ ရက်တာလှုပ်ရှားမှုအနေနဲ့ နိုဝင်ဘာ ၂၅ ရက်မှာ ပထမဆုံးစတင်ခဲ့ပြီး စစ်ရှောင်တွေနဲ့ သက်ဆိုင်ရာအကြီးအကဲတွေ အပါအဝင် အယောက် ၁,၀၀၀ ကျော်တက်ရောက်ကာ အသိပညာပေး ဟောပြောမှုတွေ၊ ကြွေးကြော်မှုတွေနဲ့ ခွဲခြားဆက်ဆံမှု မရှိစေဖို့တွေအတွက် လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်နဲ့ တခြားဒေသတွေမှာလည်း ၁၆ ရက်တာ လှုပ်ရှားမှုတွေကို ဆက်လက်ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။

အမျိူးသမီးများ အကြမ်းဖက်မှုပပျောက်စေဖို့အတွက် အမျိုးသမီးသီးသန့် အစည်းအဝေး ခေါ်ယူတာမျိုး မဟုတ်ဘဲ အမျိုးသားတွေကိုပါ ပညာမျှဝေတာတွေ၊ အိမ်ထောင်ရှင် စုံတွဲတွေကြား နားလည်မှုရှိပြီး အိမ်တွင်းအကြမ်းဖက်မှု လျော့ကျရေးအတွက်ပါ လှုပ်ရှားမှု ပြုလုပ်တယ်လို့ သိရပါတယ်။

IEC အထွေထွေအတွင်းရေးမှူး ခူးပလုရယ်က “အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက်ကို အပြောနဲ့မဟုတ်ဘဲ လက်တွေ့သက်သေပြပြီး အကြမ်းဖက်မှု ပပျောက်ရေးအတွက် အားလုံးဝိုင်းဝန်းပါဝင်ပြီး ဖော်ဆောင်သွားဖို့ သတင်းစကား ပါးလိုပါတယ်” လို့ ဒီဇင်ဘာ ၂ ရက်မှာ အမှာစကား ပြောကြားပါတယ်။

၁၆ ရက်တာ လှုပ်ရှားမှုအနေနဲ့ ဒီးမော့ဆိုမှာ အမျိုးသမီး ဘောလုံးအသင်းတွေ တည်ထောင်ပြီး ယုံကြည်ရာကို အိပ်မက်မက်ခွင့်ရှိကြောင်းနဲ့ ခွဲခြားဆက်ဆံမှုတွေ မရှိစေဖို့အတွက် လှုပ်ရှားမှုတွေလည်း အဖွဲ့အစည်းအသီးသီးက ပြုလုပ်နေတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013