အမေရိကန်ပြည်ထောင်စု၊ ပန်ဆယ်လ်ဗေးနီးယားပြည်နယ်မှာ အရေးပေါ်ဝန်ထမ်းတွေဟာ မြေကျွံပေါက်ထဲ ကျသွားတဲ့ အမျိုးသမီးတယောက်ကို ဒီဇင်ဘာ ၃ ရက်က လိုက်လံရှာဖွေနေကြပါတယ်။
အဲဒီအမျိုးသမီးဟာ သူ့ကြောင်တကောင်ကို ရှာရင်း မြေတွင်းထဲ ပြုတ်ကျသွားတာ ဖြစ်နိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
အသက် ၆၄ နှစ်အရွယ် အဲလိဇဘက် ပေါလဒ်ကို ရှာဖို့ ဒေသန္တရစားသောက်ဆိုင်တဆိုင်အနားက တွင်းထဲကို ကယ်ဆယ်ရေးအဖွဲ့သားတွေ ဆင်းလာကြတာကို ဝေဟင်ကနေ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။
ပန်ဆယ်လ်ဗေးနီးယားပြည်နယ် ရဲတပ်ဖွဲ့က ပေါလဒ်ဟာ သူ့မြေးငယ်လေးနဲ့အတူ ပက်ပါလို့ နာမည်ပေးထားတဲ့ သူ့ကြောင်ကို ရှာဖို့ ထွက်သွားခဲ့တယ်လို့ ယုံကြည်တဲ့အကြောင်း ABC သတင်းဌာနက ဖော်ပြပါတယ်။
သူ့ကားကို တွင်းပေါက်နားမှာ ရပ်ထားခဲ့ပြီး သူ့မြေးကို ကားထဲမှာ ဘေးကင်းကင်း လုံလုံခြုံခြုံ ထားခဲ့တာကို ရဲတပ်ဖွဲ့က တွေ့ခဲ့ကြပါတယ်။
ဒီဧရိယာဟာ အရင်က ကျောက်မီးသွေးတူးတဲ့နေရာဖြစ်ခဲ့တယ်လို့ အစိုးရတပ်တွေက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ အခုတော့ အဲဒီနေရာမှာ တွင်းပေါက်ပွင့်သွားတာ ဖြစ်နိုင်တယ်လို့ ABC သတင်းမှာ ဖော်ပြပါတယ်။
Source: Reuters