ထိုင်ဝမ်လွတ်လပ်ရေးအတွက် ခွဲထွက်ရေးတပ်တွေကို ထောက်ခံအားပေးနေတာကို ရပ်တန့်ဖို့နဲ့ ထိုင်ဝမ်အရေးမှာ စည်းနီကို မဖြတ်ကျော်ဖို့ တရုတ်က အမေရိကန်ကို ဒီဇင်ဘာ ၂ ရက်မှာ သတိပေးခဲ့ပါတယ်။
ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ်ဟာ အမေရိကန်နိုင်ငံ ဟာဝိုင်အီပြည်နယ်ကို နိုဝင်ဘာ ၃၀ ရက်က သွားရောက်လည်ပတ်ပြီးတဲ့နောက် ဒီဇင်ဘာ ၂ ရက်မှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန်းက ခုလို မှတ်ချက်ပေးခဲ့တာပါ။
လိုင်ဟာ ပစိဖိတ်ဒေသ မဟာမိတ်တွေဆီ တပတ်ကြာ အလည်အပတ်ခရီးစဉ်ရဲ့ တစိတ်တပိုင်း အဖြစ် ဟာဝိုင်အီကို အကဲဆတ်တဲ့ နှစ်ရက်ကြာခရီးစဉ်နဲ့ ရောက်သွားခဲ့ပါတယ်။
တရုတ်နိုင်ငံက အမေရိကန်ပိုင်နက်အတွင်း ထိုင်ဝမ်ခေါင်းဆောင်တွေ ဖြတ်သန်းသွားလာခွင့် ရပ်နားခြင်းကို ဆန့်ကျင်တယ်လို့ ပြောကြားပြီး ခရီးစဉ်ကို ရှုတ်ချခဲ့ပါတယ်။
လိုင်ကတော့ ဒီဇင်ဘာ ၁ ရက်မှာ အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌဟောင်း နန်စီ ပေလိုစီနဲ့ မိနစ် ၂၀ ကြာ ဖုန်းပြောခဲ့ပြီး သူတို့ဟာ တရုတ်ရဲ့ စစ်ရေးခြိမ်းခြောက်မှုတွေကို ဆွေးနွေးခဲ့တယ်လို့ ထိုင်ဝမ်ရဲ့ တရားဝင် သတင်းအေဂျင်စီက ဖော်ပြခဲ့ပါတယ်။
တရုတ်က ဒီမိုကရေစီနည်းကျ အုပ်ချုပ်ခဲ့တဲ့ ထိုင်ဝမ်ကို သူ့ပိုင်နက်နယ်မြေအဖြစ် အခိုင်အမာ ပြောထားပြီး လိုင်နဲ့ သူ့အစိုးရတို့က တရုတ်ရဲ့ ပြောဆိုချက်ကို ငြင်းဆိုထားပါတယ်။
လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ထိုင်ဝမ်ကျွန်းတဝိုက်မှာ တရုတ်က စစ်ရေးလှုပ်ရှားမှုတွေကို အရှိန်မြှင့်ခဲ့ပါတယ်။
Source : Reuters