ဒေါ်နယ်ထရမ့်ပ် သမ္မတတာဝန် ပြန်မထမ်းဆောင်မီ အမေရိကန်ကို ဝင်ရောက်နိုင်ဖို့ မက္ကဆီကိုတောင်ပိုင်းက ရွှေ့ပြောင်းနေထိုင်သူတွေဟာ အစုလိုက် ခရီးနှင်နေကြပါတယ်။
ရွှေ့ပြောင်းတွေဟာ မက္ကဆီကိုတောင်ပိုင်းကနေ ခြေလျင်လာကြတာဖြစ်ပြီး ချီအာပတ်စ်၊ ဟွေဟွေတန်မှာ တထောက်နားကြမှာပါ။
ရွှေ့ပြောင်းအခြေချသူ ရာပေါင်းများစွာဟာ နယ်စပ်မြို့ဖြစ်တဲ့ တာပါချူလာကနေ ခရီးစတင်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်ကို ဝင်ရောက်မယ့် ရွှေ့ပြောင်းအခြေချသူတွေထဲမှာ ကလေးတွေလည်း ပါဝင်ပြီး သူတို့ကို စည်ပင်ရဲနဲ့ အမျိုးသားလုံခြုံရေးယာဉ်တွေနဲ့ အစောင့်အကြပ်အဖြစ် လိုက်ပါပေးတာ တွေ့ရပါတယ်။
ဗင်နီဇွဲလားနိုင်ငံမှာ နိုင်ငံရေးနဲ့ စီးပွားရေး မတည်မငြိမ်ဖြစ်နေတာကြောင့် နယ်စပ်ဝင်ရောက်ခွင့်တွေ တင်းကျပ်မယ့် ထရမ့်ပ်အစိုးရ မတက်ခင် ရွှေ့ပြောင်းတွေ ဝင်ရောက်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
ထရမ့်ပ် တာဝန်စယူမယ့်အချိန် ၂၀၂၅ ဇန်နဝါရီမှာ အမေရိကန် နယ်စပ်ဝင်ခွင့်ပိတ်မှာနဲ့ မက္ကဆီကို အာဏာပိုင်တွေကလည်း နယ်စပ်ဖြတ်ကျော်ခွင့်တွေကို တင်းကျပ်မှာကို ရွှေ့ပြောင်းနေထိုင်သူတွေက စိုးရိမ်နေပါတယ်။
Source : Reuters