တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးဟာ သူ့ကို စွပ်စွဲပြစ်တင်ခံရစေတဲ့ စစ်အုပ်ချုပ်ရေးကို အဆင်အခြင်မဲ့ ကြေညာခဲ့ပြီးနောက်မှာ လက်ရှိအစိုးရဟာ “ကမ္ဘာ့ရပ်တည်မှု” နဲ့ ယုံကြည်စိတ်ချရမှုကို ပြန်ရနိုင်အောင် ကြိုးပမ်းနေတယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုထဲယူလ်က ဒီဇင်ဘာ ၁၈ ရက်မှာ ပြောကြားခဲ့ပါတယ်။
သူနဲ့ နိုင်ငံရဲ့ ယာယီသမ္မတ ဟန်ဒုခ်ဆူး တို့ဟာ မကြာသေးခင်ကပဲ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် တို့နဲ့ စကားပြောဆိုခဲ့ကြတယ်လို့ ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကို ပြောကြားခဲ့ပြီး တောင်ကိုရီးယား-အမေရိကန် မဟာမိတ်အတွက် သူတို့ရဲ့ “မယိမ်းယိုင်တဲ့ ပံ့ပိုးကူညီမှု” ကို ကမ်းလှမ်းခဲ့တယ်လို့ ဆိုပါတယ်။
မြောက်ကိုရီးယားနဲ့ပတ်သက်ပြီး ဆိုးလ်ဟာ နောက်တက်လာမယ့် ထရမ့်ပ်အစိုးရရဲ့ အုပ်ချုပ်ရေး မစတင်ခင်မှာ “အစီအစဥ်တွေနဲ့ လမ်းပြမြေပုံတွေ” ကို ပြင်ဆင်နေပြီး ပြုံယမ်းနဲ့ အမေရိကန် ဘယ်လို စေ့စပ်ညှိနှိုင်းမှုမဆို ဖြစ်နိုင်ခြေအတွက် သူ့ကိုယ်သူ အဆင်သင့်အနေအထား ရှိနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ချိုထဲယူလ်က ပြောပါတယ်။
အဲဒီသတင်းစာရှင်းလင်းပွဲမှာပဲ တောင်ကိုရီးယား ဒုတိယဝန်ကြီးချုပ် ချွဲဆန်းမုတ်ခ်က တောင်ကိုရီးယား အစိုးရဟာ စီးပွားရေးကို တတ်နိုင်သမျှ တည်ငြိမ်အောင် စီမံခန့်ခွဲဖို့အတွက် ရနိုင်သမျှ အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍ အရင်းအမြစ်အားလုံးကို အသုံးချနေကြောင်း ပြောကြားခဲ့ပါတယ်။
Source : Reuters