တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုး အပေါ် စွပ်စွဲပြစ်တင်မှုကို လွှတ်တော်က အတည်ပြုပြီး ၂ ရက်အကြာမှာ အာဏာရပါတီခေါင်းဆောင် ဟန်ဒုံးဟွန်က ရာထူးကနေ နုတ်ထွက်တယ်လို့ ဒီဇင်ဘာ ၁၆ ရက်မှာ ပြောပါတယ်။
တောင်ကိုရီးယား အတိုက်အခံတွေ ဦးဆောင်တဲ့ လွှတ်တော်ထဲမှာ ဒုတိယအကြိမ် မဲခွဲဆုံးဖြတ်ရာမှာ ယွန်းဟာ နိုင်ငံကို ထိတ်လန့်တုန်လှုပ်စေတဲ့ စစ်အုပ်ချုပ်ရေးဥပဒေကို ပြဋ္ဌာန်းဖို့ အချိန်တိုအတွင်း ကြိုးပမ်းမှုနဲ့ ပတ်သက်ပြီး စွပ်စွဲပြစ်တင်ခံခဲ့ရပါတယ်။
သမ္မတ ယွန်းကို စွပ်စွဲပြစ်တင်ဖို့ တောင်းဆိုချက်တွေအပေါ် ပါတီက ဆန့်ကျင်ကန့်ကွက်ခဲ့ပေမဲ့ ဟန်က ဒီလိုလုပ်ရတာအတွက် နောင်တမရဘူးလို့ ပြောပါတယ်။
ဒီဇင်ဘာ ၃ ရက် စစ်အုပ်ချုပ်ရေးပြဋ္ဌာန်းဖို့ ကြိုးပမ်းမှုနဲ့ ပတ်သက်ပြီး ယွန်းရဲ့ စွပ်စွဲပြစ်တင်မှုကို တောင်ကိုရီးယား ဖွဲ့စည်းပုံတရားရုံးက တနင်္လာနေ့မှာ စတင်စစ်ဆေးမှာ ဖြစ်ပါတယ်။
တရားရုံးက ယွန်းကို ရာထူးကနေ ဖယ်ရှားမလား၊ ပြန်ခန့်အပ်မလားဆိုတာ ဆုံးဖြတ်ဖို့ ၆ လအထိ အချိန်ပေးထားပါတယ်။
Source : Reuters