ပိုလန်နိုင်ငံထဲက ပက်ထရီရော့ လေကြောင်းရန်ကာကွယ်ရေးစနစ်ဟာ ကနဦးအဆင့်မှာ အဆင်သင့်ဖြစ်နေပြီလို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။
ဝါဆောမြို့တော်နားက ဆိုဟာချာ့ဇ်မြို့မှာရှိတဲ့ စစ်အခြေစိုက်စခန်းတခုမှာ စခန်းချထားတဲ့ ပက်ထရီရော့ဒ်စနစ်ဟာ မြေပြင်ကနေ ဝေဟင်ပစ်ဒုံးပစ် လောင်ချာတွေကို ပေါင်းစပ် တိုက်ပွဲ ကွပ်ကဲမှုစနစ် (IBCS) မှာ ပေါင်းစပ်ထားပါတယ်။
ဖွင့်ပွဲအခမ်းအနားမှာ ပိုလန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မတ်ခ်ဘရေဇန်စကီက ဒီစနစ်ကို “လေကြောင်းနဲ့ ဒုံးကျည်ကာကွယ်ရေးအတွက် အမေရိကန်တပ်မတော်ရဲ့ ခေတ်မီရေးမဟာဗျူဟာရဲ့ ဗဟိုချက်” အဖြစ် ဂုဏ်ပြုခဲ့ပါတယ်။
ယူကရိန်းအတွက် ဆက်လက်အကူအညီပေးရေးနဲ့ နေတိုးအဖွဲ့အတွင်း စည်းလုံးညီညွတ်ရေးတို့ အတွက် ယူကရိန်း၊ ပိုလန်နဲ့ အမေရိကန်တို့ရဲ့ လွတ်လပ်ရေးဟာ အရေးကြီးတယ်လို့ အလေးပေး တိုက်တွန်းခဲ့ပါတယ်။
ကနေဒါကာကွယ်ရေးဝန်ကြီး ဘီဘလဲနဲ့ ဝါဆောမြို့တော်မှာ အစောပိုင်းက တွေ့ဆုံခဲ့တဲ့ ပိုလန်ကာကွယ်ရေးဝန်ကြီး လေဒီးစ်လော ကစစ်နစ်ယက်စ် ကာမက်ဇ်က လေကြောင်းရန် ကာကွယ်ရေးရဲ့ အရေးပါမှုနဲ့ ကိုယ်ပိုင်စနစ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့ ပိုလန်အတွက် လိုအပ်တယ်လို့လည်း အလေးပေးပြောကြားခဲ့ပါတယ်။
Source: Reuters