Home
နိုင်ငံတကာ
ပိုလန်တွင် အမေရိကန် ဒုံးကျည်အခြေစိုက်စခန်းဖွင့်မှု သမ္မတအန်ဒရေဒူဒါ ကြိုဆို
DVB
·
November 14, 2024
Photo-Reuters

အမေရိကန်ပြည်ထောင်စုက ပိုလန်နိုင်ငံမြောက်ပိုင်းမှာ လေကြောင်းရန် ကာကွယ်ရေးစခန်းသစ် တခုကို  နိုဝင်ဘာ ၁၃ ရက်မှာ ဖွင့်လှစ်ခဲ့ပါတယ်။

အိမ်နီးချင်းယူကရိန်းမှာ ရုရှားက စစ်ပွဲဆင်နွှဲနေပေမဲ့ ပိုလန်နိုင်ငံဟာ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO)ရဲ့ အဖွဲ့ဝင်နိုင်ငံအဖြစ် လုံခြုံနေတယ်လို့ ပိုလန်သမ္မတက ပြောလိုက်ပါတယ်။

ဘောလ်တစ်ပင်လယ် ကမ်းရိုးတန်းအနားက ရဒ်ဂျီကိုဗိုမြို့ပေါ်မှာရှိတဲ့ ဒီအခြေစိုက်စခန်းဟာ ၂၀၀၀ ပြည့်နှစ်တွေကတည်းက ဆောက်ထားတာတွေပါ။

အမေရိကန် သမ္မတဒေါ်နယ်ထရမ့်ပ်ရဲ့ ရွေးကောက်ပွဲအောင်ပွဲကြောင့် နေတိုးအဖွဲ့ဝင် နိုင်ငံတချို့ တုန်လှုပ်ချောက်ချားသွားခဲ့ပါတယ်။

အဲလိုအချိန်မှာ အမေရိကန်သမ္မတ အဆက်ဆက်ရဲ့ အခြေစိုက်စခန်း ဆက်အလုပ်လုပ်နေတာဟာ အိမ်ဖြူတော်မှာ ဘယ်သူရောက်နေပါစေ အမေရိကန်နဲ့ ပိုလန်အစိုးရတွေကြား စစ်ရေးမဟာမိတ်က ခိုင်မာမြဲမြံနေသေးတယ်ဆိုတာ ပြနေတယ်လို့ ပိုလန်အစိုးရက ပြောပါတယ်။

“အမေရိကန်ဟာ ပိုလန်နိုင်ငံရဲ့ လုံခြုံရေးကို အာမခံပါတယ်” လို့ ပိုလန် သမ္မတ အန်ဒရေ ဒူဒါက ပြောပါတယ်။

အမေရိကန် စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို နယ်စပ်နဲ့ နီးတဲ့​ နေရာဆီ ရွှေ့ခြင်းဖြင့် ရုရှားကို ထိန်းချုပ်ဖို့ အခြေစိုက်စခန်းက ရည်စူးထားတာလို့ သတ်မှတ်ယူဆတဲ့အကြောင်း ရုရှား သမ္မတနန်းတော် ကရင်မလင်က ပြောပါတယ်။

ပိုလန်နိုင်ငံက လေကြောင်းရန် ကာကွယ်ရေးစနစ်ဟာ လောလောဆယ်မှာ အရှေ့အလယ်ပိုင်းကနေ ပစ်လွှတ်တဲ့ ဒုံးကျည်တွေကို ပစ်ချဖို့သာ သုံးနိုင်မှာ ဖြစ်ပြီး ရုရှားဆီက ဒုံးကျည်တွေကို ကြားဖြတ်ဟန့်တားဖို့ ဦးတည်ချက် ပြောင်းဖို့ လိုအပ်တယ်လို့  စစ်ဘက်သတင်း ရင်းမြစ်တွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024