Home
မြန်မာသတင်း
မြန်မာတွင် အရပ်သားများအပေါ် အကြမ်းဖက်မှု အမေရိကန်နှင့် အင်ဒို ပြင်းထန်စွာ ရှုတ်ချ
DVB
·
November 14, 2024
Photo: The White House

မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ အရပ်သားတွေအပေါ် အကြမ်းဖက်မှုကို ပြင်းပြန်းထန်ထန် ရှုတ်ချကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝိုဆူဘီယန်တိုနဲ့ တို့က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ခေါင်းဆောင် ၂ ယောက်ဟာ ဝါရှင်တန်ဒီစီမြို့တော်မှာ နိုဝင်ဘာ ၁၂ ရက်က တွေ့ဆုံခဲ့ပြီးနောက် ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ ခုလိုပြစ်တင်ရှုတ်ချလိုက်တာဖြစ်ပြီး အရပ်သားတွေကို အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့လည်း တောင်းဆိုလိုက်တာပါ။

ဒါ့အပြင် ဒီတွေ့ဆုံမှုအတွင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က မြန်မာ့အကျပ်အတည်း ဖြေရှင်းရေးအတွက် အာဆီယံရဲ့ ကြိုးပမ်းမှုတွေကို ထောက်ခံကြောင်းလည်း ပြောကြားခဲ့သလို ၂ နိုင်ငံခေါင်းဆောင်တွေဟာ အာဆီယံရဲ့ အဓိကကျတဲ့ အခန်းကဏ္ဍနဲ့  ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ အပြည့်အဝထောက်ခံကြောင်းလည်း ထပ်လောင်း ပြောကြားလိုက်ပါတယ်။

အိမ်ဖြူတော် ထုတ်ပြန်ချက်မှာတော့ သက်ဆိုင်သူအားလုံး အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြဖို့၊ အရပ်သားတွေကို အကာအကွယ်ပေးဖို့နဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ဖို့ အထောက်အကူဖြစ်စေတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးကြဖို့ တိုက်တွန်းထားခဲ့တာပါ။

ဒါ့အပြင် သမ္မတနှစ်ယောက်က  မြန်မာနိုင်ငံမှာ အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီလမ်းကြောင်းကို ပြန်လည်ထူထောင်နိုင်မယ့် အမျိုးသားအဆင့် တွေ့ဆုံဆွေးနွေးပွဲအတွက် အထောက်အကူ ဖြစ်စေမယ့် အခြေအနေတွေကို ဖန်တီးပေးဖို့လည်း မြန်မာအာဏာရှင်ကို တောင်းဆိုလိုက်ပါတယ်။

Source: Antara News

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013