Home
မြန်မာသတင်း
ဧရာဝတီတိုင်း၌ ညမထွက်ရအမိန့် ချိုးဖောက်မှုဖြင့် တလအတွင်း အရပ်သား ၂၂ ဦး ဖမ်းဆီးခံရ
DVB
·
November 10, 2024
Photo - MV

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာလထဲ ညမထွက်ရအမိန့် ချိုးဖောက်တယ်လို့စွပ်စွဲပြီး စစ်ကောင်စီတပ်နဲ့ ရဲတွေက ဒေသခံ အရပ်သား ၂၂ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ 

ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်ကနေ ၃၁ ရက်အထိ တလအတွင်း ဒေသခံ အရပ်သား ၂၂ ယောက်ကို စစ်ကောင်စီက သူတို့ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ချိုးဖောက်တယ်ဆိုပြီး စွပ်စွဲဖမ်းဆီးခဲ့တာလို့ သိရပါတယ်။ 

တိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “တလအတွင်း ၂၂ ယောက် အဖမ်းခံရတာ။ လူငယ် အမျိုးသားတွေ အများဆုံး အဖမ်းခံခဲ့ရတာ။ အသက်ကတော့ သီးခြား မသိရဘူး၊ အရွယ်အစုံပဲ” လို့  ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ  မအူပင်၊ ဟင်္သာတ၊ မြောင်းမြ၊ ပုသိမ်၊ ဖျာပုံ၊ ငပုတော၊ လပွတ္တာ၊ ဝါးခယ်မ၊ ဘိုကလေး စတဲ့မြို့နယ်တွေက အရပ်သားတွေလို့ ဟင်္သာတ ဒေသခံ ယောက်က ပြောပါတယ်။ 

“ဟင်္သာတဘက်က အဖမ်းခံရတဲ့ ကလေးတွေက အိမ်အပြင်ထွက် လက်ဖက်ရည်ဆိုင်သွား ပြန်လာရင်း အဖမ်းခံရတာပါ။ လက်ဖက်ရည်ဆိုင်သွားတဲ့ကလေးတွေကို ဖမ်းမယ်ဆို လက်ဖက်ရည်ဆိုင်တွေ၊ အရက်ဆိုင်တွေကို အရင်ပိတ်မှရမယ်။” 

စစ်ကောင်စီက ည ၁၂ နာရီကနေ နောက်နေ့မနက် ၄ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်သတ်မှတ်ထားပေမဲ့ အဖမ်းခံရတဲ့ အရပ်သားတွေထဲမှာ ည ၈ နာရီ ၉ နာရီ နေအိမ်အပြင်ဘက်မှာတွေ့လို့ အဖမ်းခံရသူတွေလည်း ပါတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲ့ဒီဖမ်းဆီးခံရတဲ့ ဒေသခံတွေကို သက်ဆိုင်ရာ ရဲစခန်းတွေမှာပဲ ထိန်းသိမ်းထားပြီး သူတို့ကို ဘယ်ပုဒ်မနဲ့မှ အမှုဖွင့်မထားသေးဘူးလို့ ရဲစခန်းနဲ့ နီးစပ်သူဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024