Home
မြန်မာသတင်း
ကနီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ညမထွက်ရအမိန့် ထုတ်ပြန်
DVB
·
November 10, 2024

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း ညမထွက်ရအမိန့်ကို ကနီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က နိုဝင်ဘာ ၉ ရက်မှာ ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။ 

ပညာရေးဘုတ်အဖွဲ့တာဝန်ခံမိသားစု အသတ်ခံရပြီးနောက် လုံခြုံရေးပိုမိုတိုးမြှင့် ဆောင်ရွက်တဲ့အနေနဲ့ အခုလို ညမထွက်ရအမိန့်ကို ထုတ်ပြန်လိုက်တာလို့ ကနီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူတယောက်က  ပြောပါတယ်။ 

ပြည်သူတွေအနေနဲ့ ည ၁၀ နာရီကနေ မနက် ၅ နာရီအတွင်း မိမိနေထိုင်ရာ နေအိမ်တွေထဲကနေ အပြင်ကို လုံးဝမထွက်ကြဖို့၊ ကနီမြို့နယ်အတွင်းက သက်ဆိုင်ရာစစ်ဆေးရေးဂိတ်တွေ အနေနဲ့လည်း ခရီးသွားပြည်သူတွေ၊ မော်တော်ယာဉ်နဲ့ မော်တော်ဆိုင်ကယ်တွေကိုလည်း သတ်မှတ်ချိန်ကျော်ရင် ဖြတ်သန်းသွားလာခွင့်မပြုဖို့ ထုတ်ပြန်ထားပါတယ်။ 

ပြည်သူတွေအနေနဲ့ အရေးပေါ် ကျန်းမာရေးကိစ္စ ပေါ်ပေါက်လာခဲ့ရင် သက်ဆိုင်ရာ ပအဖ၊ ပကဖနဲ့ ပလဖတွေဆီ အသိပေး အကြောင်းကြားပြီးမှ သွားလာကြဖို့ဆိုတဲ့ အပိုဒ် ၆ ပိုဒ်ပါ ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားပါတယ်။  

မလိုက်နာရင် အရေးပေါ် စစ်ရေး၊ စီမံခန့်ခွဲရေးနည်းလမ်းတွေနဲ့အညီ ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်သွားမယ်လို့ ပြောဆိုထားပြီး နောက်ထပ် အမိန့်အစုံတရာ မထုတ်ပြန်သေးသရွေ့  ဒီအမိန့်ဟာ အတည်ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013