Home
မြန်မာသတင်း
ထားဝယ်တွင် စစ်သား ၁ ဦး လက်နက်ခဲယမ်းနှင့် အလင်းဝင်
DVB
·
December 17, 2024
Photo: DNLA

တနင်္သာရီတိုင်း၊ ထားဝယ်မြို့အခြေစိုက် ခမရ ၂၅ တပ်ရင်းက စစ်ကောင်စီတပ်သားတယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်ခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေး တပ်တော် (DNLA) ထံက သိရပါတယ်။

ထားဝယ်မြို့အခြေစိုက် ခမရ ၂၅ တပ်ရင်းက တပ်သား ကိုဖိုးထွေးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်မှာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်ခဲ့တာလို့ DNLA အဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူတယောက်က ပြောပါတယ်။

“သူက ဒီဇင်ဘာလ ၈ ရက်နေ့ ညကတည်းက ထွက်ပြေးလာတာ။ ကျနော်တို့အဖွဲ့ဆီကို ၁၂ ရက်နေ့မှာ ရောက်တာပေါ့။ လက်နက်ခဲယမ်းတွေပါ ယူဆောင်လာလို့ ကျနော်တို့အဖွဲ့က ဆုငွေချီးမြှင့်ခဲ့သလို ပြည်ပထွက်ဖို့ဆန္ဒရှိနေလို့ ကူညီပို့ဆောင်ပေးခဲ့ပါတယ်။”

အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သား ကိုဖိုးထွေးနဲ့အတူ MA တလက်၊ ကျည်ဘောက် ၃ ခု၊ ကျည် ၁၂၀ တောင့်၊ ဓားမြှောင်တချောင်းနဲ့ စစ်ယူနီဖောင်း အပြည့်အစုံကို ယူဆောင်ခဲ့တာကြောင့် DNLA က မြန်မာကျပ်ငွေ သိန်း ၅၀ ဆုချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။

စစ်ကောင်စီတပ်က အလင်းဝင်ရောက်လိုတဲ့ ဘယ်သူမဆို ကြိုဆိုလျက်ရှိကြောင်းလည်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) က အသိပေး ထုတ်ပြန်ထားတာပါ။

အလားတူ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းကလည်း ထားဝယ်ခရိုင်အတွင်းရှိ စစ်ကောင်စီ တပ်ရင်း၊ တပ်စခန်းတွေက တပ်သား​ ၆ ယောက်ထက်မနည်း ပြည်သူ့ကာကွယ်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံခဲ့သလို အများစုမှာ စစ်မှုထမ်းသင်တန်းဆင်းတွေ ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

Photo: DNLA

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013