ရုရှားနိုင်ငံအလယ်ပိုင်း အော်ရ်ယိုဒေသရှိ လောင်စာသိုလှောင်တဲ့ အခြေခံအဆောက်အအုံတခုကို ယူကရိန်းက ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့လို့ မီးလောင်ပြီး နေအိမ်တွေက ပြတင်းပေါက်တွေ ကွဲထွက်ကုန်တယ်လို့ ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူး အန်ဒရေကိုအင့်ချ်ကို့ဗ်က ဒီဇင်ဘာ ၁၄ ရက် အစောပိုင်းမှာ ပြောပါတယ်။
ဆီလှောင်ကန်တွေ၊ လမ်းပုံစံ၊ တိုင်တွေနဲ့ ခြံစည်းရိုးတွေက ဧရိယာရဲ့ ဂြိုဟ်တုပုံရိပ်တွေနဲ့ ကိုက်ညီနေလို့ ဗွီဒီယိုရဲ့ တည်နေရာကို အတည်ပြုထားပါတယ်။
မီးလောင်မှုဖြစ်ပြီး လောင်စာဆီတွေ လောင်ကျွမ်းပျက်စီးခဲ့ပြီး ပစ်ချခံရတဲ့ ဒရုန်းတွေရဲ့ အပိုင်းအစတွေကြောင့် လူနေအိမ်ပြတင်းပေါက်တွေ ပျက်စီးခဲ့တယ်လို့ တယ်လီဂရမ်မှာ ရေးသားဖော်ပြပါတယ်။
ယူကရိန်းစစ်တပ် ဘလော့ဂ်တွေမှာ တင်ထားတဲ့ ဗွီဒီယိုထဲမှာလည်း လောင်စာသိုလှောင်ရုံအဖြစ် ဖော်ပြထားတဲ့နေရာမှာ မီးလောင်ခဲ့တာကို ပြသထားပါတယ်။ တခြားရုရှားဒေသတွေမှာလည်း ဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့အကြောင်း အစီရင်ခံထားကြပါတယ်။
Source: Reuters