ရုရှားနိုင်ငံ ကာ့က်စ်ဒေသထဲက ယူကရိန်းတပ်တွေကို မောင်းထုတ်ဖို့ကြိုးပမ်းရင်း ရုရှားအစိုးရဟာ သိသိသာသာများတဲ့ မြောက်ကိုးရီးယားတပ်ဖွဲ့ဝင်တွေကို စပြီးထည့်သွင်းနေပြီလို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဒီဇင်ဘာ ၁၄ ရက်မှာ ပြောပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်က စစ်ပွဲကို ဆက်ပြီးချဲ့ထွင်နေပြီလို့လည်း ဇလန်းစကီး က ပြောပါတယ်။
ယူကရိန်းတပ်တွေဟာ ဩဂုတ်လမှာ ရုရှားရဲ့ ကာ့က်စ်ဒေသကို စတင်ကျူးကျော် ဝင်ရောက်ခဲ့တာဖြစ်ပြီး ရုရှားက ပုံမှန်ထိုးစစ်ဆင်နေတဲ့ ယူကရိန်းအရှေ့ပိုင်းမှာ ယူကရိန်းတပ်ဖွဲ့တွေအပေါ် ရောက်နေတဲ့ ဖိအားတွေကို လျှော့ချဖို့ ကြိုးပမ်းမှုရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။
အဲဒီနေရာက ရွာတချို့ကို ယူကရိန်းက ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။
ယူကရိန်းနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ကာ့က်စ်ဒေသက စစ်ဆင်ရေးတွေမှာ မြောက်ကိုရီးယားတပ်ဖွဲ့တွေ ပါဝင်မှုက ၃၄ လနီးပါး ကြာနေတဲ့စစ်ပွဲမှာ ကျယ်ပြန့်ပြင်းထန်မှု အဆင့်သစ် ဖြစ်တယ်လို့ ဇလန်းစကီးက ပြောပါတယ်။
ယူကရိန်းက မြောက်ကိုရီးယားတပ်ဖွဲ့တွေကို ဆန့်ကျင်တာ အပါအဝင် မိမိကိုယ်မိမိ ဆက်ခုခံကာကွယ်သွားမယ်လို့လည်း ဇလန်းစကီးက ပြောပါတယ်။
မြောက်ကိုရီးယားတပ်ဖွဲ့ဝင် အင်အား ၁၀,၀၀၀ ကျော် ရုရှားမှာရှိနေတယ်လို့ ယူကရိန်းနဲ့ တောင်ကိုရီးယား တာဝန်ရှိသူတွေက ပြောခဲ့ကြပါတယ်။
ယူကရိန်းရဲ့ အနောက်နိုင်ငံမဟာမိတ်တွေက ယူကရိန်းအစိုးရကို ထောက်ခံအားပေးမှု အားကောင်းလာစေဖို့ ပန်ကြားချက်အသစ်ကို လာမယ့်သီတင်းပတ်မှာ ဥရောပမိတ်ဖက်တွေနဲ့ ဆွေးနွေးမှာ ဖြစ်ပါတယ်။
Source: Reuters