Home
နိုင်ငံတကာ
ယူကရိန်းမြို့တော်ကို ရုရှားက ဒုံးကျည် ၁၀၀ ခန့်ဖြင့် ညလုံးပေါက် တိုက်ခိုက်
DVB
·
December 14, 2024
Photo-Reuters

ရုရှားဟာ ယူကရိန်းကို ဒုံးကျည်နဲ့ဒရုန်း တိုက်ခိုက်မှု အကြိမ် ၁၀၀ နီးပါး ပစ်ခတ်ခဲ့တာကြောင့် ဒီဇင်ဘာလ ၁၃ ရက် အစောပိုင်းမှာ ကိယက်ဗ်မြို့ခံလူထုဟာ မြို့တော်ကိယက်ဗ်ရှိ မက်ထရို မြေအောက် ရထားဘူတာရုံတွေထဲကို နောက်တကြိမ် ထပ်ပြီး ခိုလှုံနေကြရပါတယ်။

ရုရှားဟာ သောကြာနေ့မှာ ယူကရိန်းရဲ့ စွမ်းအင်စနစ်အပေါ် သူ့ရဲ့ အကြီးမားဆုံး တိုက်ခိုက်မှုတခုကို လုပ်ဆောင်ခဲ့ရာမှာ ဒုံးကျည် ၉၃ စင်းနဲ့ ဒရုန်း ၂၀၀ နီးပါးကို ပစ်လွှတ်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇလန်စကီးက ပြောကြားပါတယ်။

ယူကရိန်း လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တွေဟာ F-16 တိုက်လေယာဉ်တွေမှ ပစ်ချခဲ့တဲ့ ဒုံးကျည် ၁၁ စင်း အပါအဝင် ရုရှား ဒုံးကျည် ၈၁ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့လည်း ဇလန်စကီး က ပြောပါတယ်။

ရုရှားတပ်ဖွဲ့တွေရဲ့ မနက်ခင်းတိုက်ခိုက်မှုအတွင်း အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကိုလည်း ထိမှန်ခဲ့ပြီး စွမ်းအင်အခြေခံအဆောက်အအုံရှိ စက်ပစ္စည်းတွေကို ပြင်းပြင်းထန်ထန် ပျက်စီးခဲ့ကြောင်း ယူကရိန်းရဲ့ အကြီးဆုံး ပုဂ္ဂလိကစွမ်းအင်ကုမ္ပဏီ DTEK က ပြောပါတယ်။

မနက်ပိုင်း ဒုံးကျည် ပစ်ခတ်မှု မတိုင်ခင်ကလည်း ဒါဇင်နဲ့ချီတဲ့ ဒရုန်းတွေနဲ့ ညလုံးပေါက် တိုက်ခိုက်မှုတခုရှိခဲ့ပါသေးတယ်။

အခုနှစ်အတွင်း ယူကရိန်းနိုင်ငံရဲ့ စွမ်းအင်စနစ်ကို တိုက်ခိုက်မှုပေါင်း ၁၁ ကြိမ် ဖြစ်ပွားခဲ့ပြီး နိုင်ငံတဝန်း ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးမှုတွေနဲ့ ကာလရှည်ကြာ လျှပ်စစ်ပြတ်မှုတွေလည်း ကြုံနေရ ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013