Home
နိုင်ငံတကာ
ယူကရိန်းအတွက် ဒေါ်လာ ၉၈၈ သန်းတန် အကူအညီအသစ် အမေရိကန် ထပ်ပေးမည်
DVB
·
December 12, 2024
Photo: REUTERS/Tom Brenner

အမေရိကန်ပြည်ထောင်စုဟာ ရုရှားရဲ့ ကျူးကျော်မှုကို ဆက်လက်တိုက်ဖျက်နေဆဲ ယူကရိန်းအတွက် လက်နက်နဲ့ ပစ္စည်းအသစ်တွေအတွက် ဒေါ်လာ ၉၈၈ သန်းတန် အကူအညီအသစ်ပေးမှာဖြစ်ကြောင်း  ကာကွယ်ရေးဝန်ကြီး လွိုဒ်အော်စတင်က  ဒီဇင်ဘာ ၇ ရက် က ရေဂင် အမျိုးသားကာကွယ်ရေး ဖိုရမ်မှာ ထုတ်ဖော်ကြေညာခဲ့ပါတယ်။ 

“ဒေါ်လာ ၁ ဘီလီယံနီးပါး တန်ဖိုးရှိတဲ့ ယူကရိန်းလုံခြုံရေးအကူအညီ ပဏာမအစီအစဉ်သစ်တခုရဲ့ ကတိကဝတ်ကို ကြေညာရတာ ဂုဏ်ယူပါကြောင်းနဲ့ အခု ပက်ကေ့ချ်ဟာ ယူကရိန်းမှာ ဒရုန်းတွေ၊ ဒုံးပျံတွေ၊ ဟိုင်းမားစ် (HIMARS) စနစ်တွေနဲ့ အရေးကြီးတဲ့ ပြုပြင်ထိန်းသိမ်းမှုနဲ့ ရေရှည်တည်တံ့မှုအတွက် ပိုမိုပံ့ပိုးပေးမှာဖြစ်တယ်” လို့ အော်စတင်က ပြောပါတယ်။ 

ဒါကြောင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကတည်းက ယူကရိန်းအတွက် ကတိကဝတ်ပြုထားတဲ့ အမေရိကန် လုံခြုံရေးအကူအညီ စုစုပေါင်းဟာ ဒေါ်လာ ၆၂ ဘီလီယံကျော်အထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

နောက်တက်လာမယ့် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အစိုးရအဖွဲ့ဟာ ရုရှားကို ထိပ်တိုက်ရင်ဆိုင်ဖို့ ရှိ၊ မရှိ ကို သူ့ရဲ့ကိုယ်ပိုင်ရွေးချယ်မှု ပြုလုပ်ရမှာဖြစ်ကြောင်း အော်စတင်က ပြောကြားခဲ့ပါတယ်။ 

ဒါပေမဲ့ သမ္မတဟောင်း ရော်နယ်လ်ရေဂင် ဆိုရင် ယူကရိန်း၊ အမေရိကန်လုံခြုံရေးနဲ့ လူသားလွတ်လပ်ခွင့်တို့ဘက်မှာ ရပ်တည်နေမယ်လို့ ယုံကြည်ကြောင်းလည်း သူက ဆိုပါတယ်။ 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ အုပ်ချုပ်ရေးဟာ မကြာခင်မှာ တာဝန်ဝတ္တရားတွေကို လွှဲပြောင်းပေးတော့မှာ ဖြစ်ကြောင်း အော်စတင်က ပြောဆိုပြီးတော့ သူတို့ တည်ဆောက်ထားတဲ့ အင်အားကို အခြေခံယူပြီး နောက်ထပ် တိုးတက်မှုတွေရရှိဖို့ လုပ်ဆောင်သွားဖို့လည်း ထရမ့်ပ်အစိုးရကို တိုက်တွန်းခဲ့ပါတယ်။ 

ထရမ့်ပ်ဟာ ရုရှားနဲ့ စစ်ပွဲမှာ ယူကရိန်းအတွက် ကြီးကြီးမားမား ပံ့ပိုးကူညီမှုအပေါ် ဝေဖန်ပြောဆိုထားတာပါ။ 

ဘိုင်ဒင်အုပ်ချုပ်ရေးအဖွဲ့ဟာ အမေရိကန် လက်နက်သိုလှောင်ထားမှုတွေကနေ ဆွဲထုတ်ယူဆောင် ပံ့ပိုးပေးမယ့်အစား စက်မှုလုပ်ငန်းတွေကနေ လက်နက်တွေ ဝယ်ယူပေးဖို့ ကတိပြုထားတာကြောင့် ယူကရိန်း လုံခြုံရေး အထောက်အကူပြုမှု အစီအစဉ် (USAI) မှာ ကာကွယ်ရေးအစီအစဥ်က ဒေါ်လာ ၂ ဒသမ ၂၁ ဘီလီယံ ထက်ဝက်နီးပါး ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။ 

USAI ရန်ပုံငွေဟာ လော့ခ်ဟိဒ် မာတင် အမေရိကန် ကာကွယ်ရေးပစ္စည်းထုတ် ကုမ္ပဏီကြီးမှ ထုတ်လုပ်တဲ့ ဟိုင်းမားစ် အမြောက်ဒုံးပျံစနစ်အတွက် ခဲယမ်းမီးကျောက်တွေအပြင် ဒရုန်းတွေနဲ့ အမြောက်လက်နက်ပစ္စည်းတွေကို ထိန်းသိမ်းဖို့အတွက် အပိုပစ္စည်းတွေကိုပါ ဝယ်ယူသွားမှာဖြစ်ကြောင်း ပင်တဂွန်က ပြောကြားခဲ့ပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013