စည်းမျဉ်းအခြေပြု နိုင်ငံတကာ ဓလေ့ထုံးတမ်းလိုက်နာမှုကို ပြောင်းဖို့ တရုတ်မှာ အကြံရှိသလို လုပ်နိုင်စွမ်းလည်း တိုးလာနေတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဒ်အော်စတင်က ဒီဇင်ဘာ ၉ ရက်မှာ ပြောလိုက်ပါတယ်။
ဂျပန်နိုင်ငံ ယိုကိုဇုခ ရေတပ်အခြေစိုက်စခန်းမှာ အမေရိကန် သင်္ဘောသားတွေနဲ့ စကားပြောရင်း အော်စတင်က ခုလို ပြောခဲ့တာပါ။
“ဒီနယ်မြေဟာ လွတ်လပ်စွာ သွားလာခွင့်နဲ့ ကျနော်တို့ဖြစ်စေချင်တဲ့ အချိန်တိုင်းမှာ လေပိုင်နက်တွေနဲ့ နိုင်ငံတကာ လေကြောင်းလမ်းတွေတလွှား ပျံသန်းနိုင်တဲ့စွမ်းရည်ကို လမ်းဖွင့်ထားဆဲ ဖြစ်နေတာကို မြင်ချင်ပါတယ်” လို့ အော်စတင်က ဆက်ပြောပါတယ်။
ထိုင်ဝမ်က မိမိကိုယ်မိမိ ခုခံကာကွယ်နိုင်စေဖို့ လိုအပ်တဲ့ စွမ်းရည်နဲ့ စွမ်းဆောင်ရည်ကို ရရှိစေရေး ကူညီပေးဖို့ အော်စတင်က သတင်းထောက်တွေကို သတင်းစာရှင်းလင်းပွဲတရပ်မှာ ကတိပြုခဲ့ပါတယ်။
တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးက စစ်အုပ်ချုပ်ရေးအမိန့် ချမှတ်ဖို့ ကြိုးပမ်းမှု ပျက်ပြယ်သွားပြီးတဲ့နောက် ဒီဇင်ဘာ ၈ ရက် ညမှာ အော်စတင်ဟာ ဂျပန်နိုင်ငံကို ရောက်လာခဲ့တာလည်း ဖြစ်ပါတယ်။
Source : Reuters