ဆဋ္ဌမအကြိမ်မြောက် ဟိုင်နန်ကျွန်း နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ တရုတ်နဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်နိုင်ငံတို့အကြား ရုပ်ရှင်ဖလှယ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက တာဝန်ရှိသူတွေနဲ့ ပညာရှင်တွေက သူတို့ရဲ့ မျှော်လင့်ချက်ကို ထုတ်ပြောခဲ့ကြပါတယ်။
အခုရုပ်ရှင်ပွဲတော်ကို တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ်က ကမ်းရိုးတန်းမြို့ စန်းယာမှာ ကျင်းပနေတာပါ။
ပွဲတော်ရဲ့ တစိတ်တပိုင်းအနေနဲ့ ရုပ်ရှင်နဲ့ ရုပ်မြင်သံကြား ဖလှယ်မှုတွေနဲ့ ဆက်သွယ်ရေးဆိုင်ရာ တရုတ်-အာဆီယံ ဖိုရမ်နဲ့ ‘အာဆီယံကဏ္ဍ’ ရုပ်ရှင်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို စနေနေ့က ကျင်းပခဲ့ပါတယ်။
ဒီပွဲမှာ ကမ္ဘောဒီးယား၊ စင်ကာပူ၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့ အပါအဝင် တရုတ်နဲ့ အာဆီယံနိုင်ငံတွေက ရုပ်ရှင်လုပ်ငန်း အတွင်းလူတွေလည်း ပါဝင်လာခဲ့ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံ ယဉ်ကျေးမှုနှင့် အနုပညာဝန်ကြီးဌာန၊ ရုပ်ရှင်နဲ့ ယဉ်ကျေးမှု ကူးလူးယှက်သွယ်ရေးဌာန ညွှန်ကြားရေးမှူး ပေါ့ခ် ဘိုရပ်ခ်က “အခု ကမ္ဘောဒီးယားမှာ တရုတ်ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းတွေ ရှိလာပြီ။ သူတို့က ကမ္ဘောဒီးယားမှာ တည်နေရာ ၉၀ ရာခိုင်နှုန်းကို သုံးတယ်။ နည်းပညာပိုင်းဆိုင်ရာ ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့ဝင်တချို့ကို သုံးတယ်။ ပါရမီရှင်တချို့ကို သုံးတယ်။ ဒါ ကျနော်တို့အတွက် အရမ်းအရေးကြီးတယ်လို့ ကျနော်ထင်ပါတယ်။ ကမ္ဘောဒီးယား လူ့အဖွဲ့အစည်း၊ ကမ္ဘောဒီးယား ယဉ်ကျေးမှု အခင်းအကျင်းတွေကို တရုတ်ပရိသတ်တွေ ပိုမိုနားလည်နိုင်စေဖို့နဲ့ မကြာမီကာလအတွင်းမှာ ကမ္ဘောဒီးယားမှာ တရုတ်ပရိသတ်တွေ ပိုမိုလာရောက်ရိုက်ကူးနိုင်ဖို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။
တက်ရောက်လာသူတွေကလည်း ယဉ်ကျေးမှုဖလှယ်ရေးနဲ့ ပြည်သူအချင်းချင်းကြား ဖလှယ်ရေး မြှင့်တင်ရာမှာ ရုပ်ရှင်တွေရဲ့ အဓိကအခန်းကဏ္ဍကို ချီးကျူးခဲ့ကြပါတယ်။
Source: Reuters