ရုရှားဟာ အမေရိကန်ပြည်ထောင်စုနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ တိုးလာနေတဲ့ ဆက်ဆံရေးဖြစ်နေတာကြောင့် ရုရှားနိုင်ငံသားတွေအနေနဲ့ အမေရိကန်၊ ကနေဒါနဲ့ အီးယူနိုင်ငံတချို့ကို ခရီးမထွက်သင့်ဘူးလို့ ရုရှားနိုင်ငံက ဒီဇင်ဘာ ၁၁ ရက်မှာ ပြောကြားခဲ့ပြီး အမေရိကန်အာဏာပိုင်တွေရဲ့ ပစ်မှတ်ထားဖမ်းဆီးခံရမယ့် အန္တရာယ်ရှိနေတာကြောင့်လို့ ဆိုပါတယ်။
ဝါရှင်တန်ရဲ့အမှားကြောင့် အမေရိကန်နဲ့ ဆက်ဆံရေးက ပြိုပျက်လုနီးပါး ဖြစ်နေကြောင်းနဲ့ အမေရိကန်ပြည်ထောင်စုကို သီးသန့်ခရီးစဉ် သို့မဟုတ် တရားဝင် မဖြစ်မနေ သွားရတဲ့ ခရီးမျိုးမဟုတ်ရင် ဆိုးရွားတဲ့ အန္တရာယ်တွေနဲ့ ပြည့်နှက်နေပါတယ်လို့ ရုရှားနိုင်ငံခြားရေးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
မော်စကိုနဲ့ ဝါရှင်တန်တို့ နှစ်ဖက်စလုံးကတော့ နိုင်ငံသားတွေကို ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတဲ့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေကို အပြန်အလှန်စွပ်စွဲထားကြပါတယ်။
ရုရှားနဲ့ အမေရိကန် သံတမန်တွေကတော့ ၂ နိုင်ငံကြားက ဆက်ဆံရေးဟာ ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး သဘောထား ကွဲလွဲမှုတွေကြောင့် ၁၉၆၂ ကျူးဘားဒုံးကျည်အကျပ်အတည်း ကတည်းက အချိန်တိုင်းထက် ဆိုးရွားနေပါတယ်လို့ ပြောကြပါတယ်။
ရုရှားပိုင်နက်ကို တိုက်ခိုက်ဖို့အတွက် ယူကရိန်းက အမေရိကန်နဲ့ ဗြိတိန်တို့ရဲ့ ဒုံးကျည်တွေ အသုံးပြုမှုနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့လက ဆက်ဆံရေး အကျပ်အတည်းကို ရောက်ရှိခဲ့ပြီး ရုရှားက တိုက်ပွဲမှာ သူ့ရဲ့ နျူကလီးယားတွေ အသုံးပြုနိုင်ခြေကို သတ်မှတ်ခဲ့ပါတယ်။
Source: Reuters