Home
မြန်မာသတင်း
စစ်တပ်ထုတ်ကုန် ဘီယာများကို ခင်ဦးမြို့နယ်အတွင်း ဖမ်းမိ ဖျက်ဆီး
DVB
·
December 15, 2024

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်က ရှောင်တခင် စစ်ဆေးရာကနေ စစ်တပ်ထုတ်ကုန် ဘီယာတွေ ဖမ်းဆီးရမိပြီး ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁၄ ရက်နေ့က ရွှေဘို-မြစ်ကြီးနား လမ်းမကြီး တနေရာကနေ Myanmar Beer နဲ့ ANDAMAN GOLD အမှတ်တံဆိပ် ဘီယာတွေ ဖမ်းဆီးရမိလို့ ခင်ဦးမြို့နယ် ပအဖရဲ့ လမ်းညွှန်မှုနဲ့ မြို့နယ် ပကဖ ရဲဘော်တွေက ဖျက်ဆီးခဲ့တာပါ။

ခင်ဦးသတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူက “ကျနော်တို့ Myanmar Beer ဂျပ်ဖာ ၁၉၀ ဖာ၊ ဗူး ၄၅၆၀ ဗူး နဲ့ ANDAMAN GOLD ဂျပ်ဖာ ၃၇ ဖာ၊ ဗူး ၄၄၄ ဗူး၊  ကာလတန်ဖိုး ကျပ်သိန်း ၁၄ဝ ကျော်ကို မြို့နယ် ပအဖ၊ ပကဖ က ဖမ်းဆီးပြီး အများပြည်သူရှေ့မှောက်မှာ ဖျက်ဆီးခဲ့တယ်ဆိုတဲ့ ခင်ဦး ပအဖက ထုတ်ပြန်ထားတဲ့ သတင်းက အမှန်သတင်းဖြစ်ပါတယ်” လို့ ပြောပါတယ်။

အကြမ်းဖက် စကစနဲ့ မိသားစုတွေ၊ သူတို့ရဲ့ အကျိုးတူစီးပွားဖက်ဖြစ်တဲ့ စကစ ဒေါက်တိုင်တွေရဲ့ ထုတ်ကုန်ပစ္စည်းတွေက အမြတ်အစွန်း၊ ငွေကြေးတွေဟာ ပြည်သူလူထုနဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေကို ဆိုးဆိုးဝါးဝါး ပျက်စီးစေနိုင်တာကြောင့် စကစရဲ့ ထုတ်ကုန်ပစ္စည်းတွေကို ပြည်သူတွေ သပိတ်မှောက်ကြဖို့ ခင်ဦး ပအဖ က မေတ္တာရပ်ခံ နှိုးဆော်တိုက်တွန်းထားပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ စစ်တပ်ထုတ်ကုန်ပစ္စည်းတွေကို သယ်ဆောင်ရောင်းချတာ မလုပ်ဖို့ တော်လှန်ရေးအဖွဲ့တွေက အသိပေးထားပြီး ပြီးခဲ့တဲ့ ၂၀၂၂၊ ၂၀၂၃ ခုနှစ်တုန်းကလည်း ကနီ၊ ရေဦး၊ ကသာ၊ ထီးချိုင့် စတဲ့မြို့နယ်တွေမှာ အခုလို ဖျက်ဆီးခဲ့ပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013