Home
မြန်မာသတင်း
မုံရွာမြို့နယ်တွင် စစ်ရေယာဥ်များ တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး
DVB
·
December 12, 2024
Photo: Nga Moe Yeik Column

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ ဒီဇင်ဘာ ၁၁ ရက် မနက် ၁၀ နာရီ၀န်းကျင်က စစ်ရေယာဥ်တွေ တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သားတွေ သေဆုံးဒဏ်ရာရခဲ့ကြတယ်လို့  မုံရွာခရိုင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။

မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Nga Moe Yeik Column) ရဲ့ ပြန်ကြားရေးတာဝန်ခံက “နမခကနေရိက္ခာတွေကို ချင်းတွင်းမြစ် အုန်းပင်ဆိပ်ကမ်းကနေ ကံကြီးကုန်းပျူစောထီးရွာနဲ့ အမြင့်ရဲစခန်းတွေကို ရိက္ခာပို့ခဲ့တဲ့စစ်ရေယာဥ် ၂ စီးကို အပြန်မှာဖြတ်တိုက်ခဲ့တာ” လို့ ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက် သေဆုံးကာ ၆ ယောက် ထက်မနည်းဒဏ်ရာရရှိသွားတယ်လို့   မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံက ပြောပါတယ်။

“သတင်းပေးအဖွဲ့က သတင်းပို့တာ နောက်ကျသွားလို့ ပြန်လာတော့မှစောင့်ပြီး ရှေ့ထွက် ပြောင်းတွေ၊ အဖူးထွက်ပြောင်းတိုက်တွေ၊ လက်နက်ငယ်တွေနဲ့ ချင်းတွင်းမြစ်ရဲ့ အရှေ့ဘက်ကမ်းကနေကော အနောက်ဘက်ကမ်းကနေပါ နှစ်ဖက်ညှပ်တိုက်ခဲ့တာဖြစ်ပါတယ်။ သူတို့ဘက်ကတော့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းပစ်တာတွေရှိခဲ့တယ်။ ကျနော်တို့ဘက်က ထိခိုက်ဒဏ်ရာရတာမရှိဘဲ ပြန်ဆုတ်လာနိုင်ခဲ့တယ်။”

အဆိုပါတိုက်ခိုက်မှုကို မုံရွာဘက်အခြမ်းမှာ Nga Moe Yeik Column၊ ဆားလင်းကြီးဘက်ခြမ်းမှာ ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဆားလင်းကြီး)၊ ယင်းမာပင်ခရိုင်တပ်ရင်း ၃၅၊ တပ်ခွဲ ၃၊ တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့တို့နဲ့အတူ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြလို့  သိရပါတယ်။

စစ်ရေယာဥ်တွေတိုက်ခိုက်ခံရတဲ့ကိစ္စ စစ်ကောင်စီဘက်က သတင်းတစုံတရာထုတ်ပြန် လာတာမတွေ့ရသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသေဆုံးဒဏ်ရာရတာနဲ့ပတ်သက်ပြီး DVB အနေနဲ့လည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013