Home
မြန်မာသတင်း
KIA သိမ်းထားသည့် နယ်စပ်ဂိတ်များ ပြန်မဖွင့်သေး
DVB
·
December 13, 2024
KIA Border gate

တရုတ်အစိုးရနဲ့ KIA ခေါင်းဆောင်ပိုင်းတွေ တွေ့ဆုံပြီးနောက်ပိုင်း ကချင်ပြည်နယ်က နယ်စပ်ဂိတ်အားလုံးဒီကနေ့ ပြန်ဖွင့်လိုက်ပြီလို့ တပ်ထောက်ခံသူတွေက ရေးသားနေကြပေမဲ့ KIA ကတော့ သူတို့သိမ်းပိုက်ထားတဲ့ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို ပြန်မဖွင့်သေးဘူးလို့ KIO သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက DVB ကို ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ကချင်ပြည်နယ်ထဲမှာရှိနေတဲ့ နယ်စပ်ဂိတ်အားလုံးကို ပြီးခဲ့တဲ့ရက်ပိုင်းကပဲ သိမ်းပိုက်လိုက်ပြီး နယ်စပ်ကုန်သွယ်ရေးအားလုံးကို ထိန်းချုပ်ထားတာပါ။

လက်ရှိမှာတော့ အဲဒီနယ်စပ်ဂိတ်တွေရဲ့မှာ ပိတ်ထားတဲ့ တံခါးတွေကို KIA ဘက်က ဖွင့်ထားပေမဲ့ လူဝင်လူထွက်နဲ့ ကုန်တင်ကားဝင်ထွက်ခွင့်မပြုသေးဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဥက္ကဋ္ဌနဲ့ ခေါင်းဆောင်ပိုင်းတွေလည်း တရုတ်အစိုးရရဲ့ ဖိတ်ကြားမှုကြောင့် တရုတ်ပြည်အတွင်း သွားရောက်တွေ့ဆုံနေဆဲဖြစ်ပြီး ဘာတွေဆွေးနွေးနေကြသလဲဆိုတာကိုလည်း တိတိကျကျ မသိရသေးဘူးလို့ဆိုပါတယ်။ 

ဗန်းမော်နဲ့ မံစီမြို့တွေကို  ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ် ဆင်နေချိန်မှာ  KIO ခေါင်းဆောင် ဥက္ကဋ္ဌ  ဗိုလ်ချုပ်ကြီး အင်ဘန်လနဲ့ အဖွဲ့ တရုတ်နိုင်ငံကို သွားရောက်ခဲ့တာဖြစ်ပါတယ်။

အောင်သူ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013