ဂါဇာကမ်းမြောင်မှာ အစ္စရေးနဲ့ ပါလက်စတိုင်းစစ်သွေးကြွ ဟားမတ်စ်အကြား ချွင်းချက်မဲ့၊ အပြီးသတ်အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံအားလုံးချက်ချင်း လွှတ်ပေးရေး တောင်းဆိုတဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂအထွေထွေညီလာခံမှာ နိုင်ငံပေါင်း ၁၅၈ နိုင်ငံက ထောက်ခံမဲပေးခဲ့ပါတယ်။
ဒီဇင်ဘာ ၁၁ ရက်က မဲခွဲခဲ့ရာမှာ အဖွဲ့ဝင် ၁၉၃ နိုင်ငံရှိတဲ့နေရာမှာ အမေရိကန်၊ အစ္စရေးအပါအဝင် ၉ နိုင်ငံ ကသာ ကန့်ကွက်ခဲ့ကြတာဖြစ်ပြီး ၁၃ နိုင်ငံကတော့ မဲမပေးဘဲ ကြားနေခဲ့ပါတယ်။
အထွေထွေညီလာခံဆုံးဖြတ်ချက်တွေဟာ စည်းနှောင်မှုမရှိပေမဲ့ နိုင်ငံရေးဩဇာရှိပြီး စစ်ပွဲနဲ့ ပတ်သက်တဲ့ ကမ္ဘာ့အမြင်ကို ထင်ဟပ်စေခဲ့ပါတယ်။
ကုလသမဂ္ဂရဲ့ ပါလက်စတိုင်းဒုက္ခသည်အေဂျင်စီ UNRWA ကိုလုပ်ငန်းလည်ပတ်ခွင့်ပိတ်သိမ်းတဲ့ အစ္စရေး ဥပဒေကို ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်းအဆိုကိုလည်း ၁၅၉ နိုင်ငံက ထောက်ခံခဲ့ပါတယ်။
UNRWA ဝန်ထမ်းအချို့ဟာ ဟားမတ်စ်က အစ္စရေးကို တိုက်ခိုက်ရာမှာ ပါဝင်ခဲ့တယ်လို့ အစ္စရေးက ထုတ်ပြန်ထားပါတယ်။
Source: Reuters