Home
နိုင်ငံတကာ
ကာလီဖိုးနီးယားပြည်နယ်၌ တောမီးလောင် ဒေသခံများကို ဘေးလွတ်ရာ ရွှေ့ပြောင်း
DVB
·
December 11, 2024
Photo: REUTERS/Mario Anzuoni

အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့ အနောက်မြောက်ဘက်မှာ တောမီးလောင်နေချိန် လေပြင်းတိုက်လို့ ဒီဇင်ဘာ ၁၀ ရက်မှာ မာလီဘူးမြို့မှာ နေထိုင်သူတချို့ကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းခိုင်းခဲ့ရပါတယ်။

တောမီးက လူနေအိမ်တွေကို ခြိမ်းခြောက်နေပြီး လျှပ်စစ်မီးပြတ်တောက်ခဲ့သလို ကမ်းခြေ အသိုင်းအဝိုင်းက လမ်းတွေလည်း အဆက်အသွယ် ပြတ်တောက်ခဲ့ပါတယ်။

ဖရင်ကလင် တောမီးလို့ နာမည်ပေးထားတဲ့ တောမီးကြောင့် လူ ၁၀,၀၀၀ လောက်နေတဲ့ သာယာလှပတဲ့ ကမ်းရိုးတန်းမြို့မှာ မတ်စောက်တဲ့ တောင်တန်းမြေပြင်တလျှောက် ၂,၇၁၃ ဧကလောက်အထိ တညလုံး လောင်ကျွမ်းသွားခဲ့ပါတယ်။

မီးလောင်မှုကို လုံးဝမထိန်းနိုင်သေးဘဲ နေအိမ်အနည်းစု မီးလောင်ပျက်စီးခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရ သေဆုံးမှု မရှိခဲ့ဘဲ မီးလောင်ရတဲ့အကြောင်းရင်းကိုတော့ မသိရသေးဘူးလို့ လော့စ်အိန်ဂျလိစ်မြို့နယ် မီးသတ်အကြီးအကဲ အန်ထော်နီ မာရွန်းက အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

လော့စ်အိန်ဂျလိစ် မြို့နယ်ရဲမှူး ရောဘတ်လူနာက အဆောက်အဦ ၂,၀၄၃ လုံးကို ဘေးလွတ်ရာဆီ ရွှေ့ဖို့ အမိန့်ပေးထားပြီး နောက်ထပ် အဆောက်အဦ ၆,၀၄၆ ကိုလည်း ဘေးလွတ်ရာ ရွှေ့ဖို့ သတိပေးထားတယ်လို့ ပြောပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂါဗင် နယူးစ်ဆွန်းမ်က မီးငြှိမ်းသတ်ဖို့ အရင်းအမြစ်တွေ ဖူလုံစေရေး ပြည်ထောင်စု အရေးပေါ် စီမံခန့်ခွဲရေးအေဂျင်စီ (FEMA) ဆီက ထောက်ပံ့ကြေး ယူထားတယ်လို့ ပြောပါတယ်။

အင်္ဂါနေ့က စန်တာအန်နာ ဒေသမှာ လေပြင်းက ၁ နာရီလျှင် ၆၅ မိုင်နှုန်းအထိ တိုက်ခတ်နိုင်ပြီး မီးအန္တရာယ် မြင့်တက်လာနိုင်တယ်လို့ အမျိုးသားမိုးလေဝသဌာန (NWS) က သတိပေးချက် ထုတ်ပြန်ထားပါတယ်။ သတိပေးချက်ဟာ ဗုဒ္ဓဟူးနေ့အထိ အသက်ဝင်ဆဲဖြစ်ပေမယ့် လေတိုက်နှုန်း ပိုမိုအားကောင်းမယ်လို့ မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013