Home
နိုင်ငံတကာ
ကာလီဖိုးနီးယားတောမီး အမြန်ကူးစက်လောင်ကျွမ်းနေ 
DVB
·
July 29, 2024
Photo - Reuters

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းမှာ အမြန်ကူးစက် ကြီးထွားလာနေတဲ့ တောမီးကို ဇူလိုင် ၂၇ ရက်က ထောင်နဲ့ချီတဲ့ မီးသတ်သမားတွေက ကြိုးစားငြှိမ်းသတ်နေပါတယ်။

၂၄ နာရီအတွင်း တောမီးက ဧရိယာ နှစ်ဆကျော်ကို လောင်ကျွမ်းသွားခဲ့တာပါ။ စနေနေ့ မွန်းလွဲပိုင်းမှာ ပြည်နယ်မြို့တော် ဆပ်ခရာမန်တိုရဲ့ မြောက်ဘက် မိုင် ၉၀ အကွာမှာ သစ်တော ဧက ၃ သိန်းခွဲကျော် မီးလောင်ကျွမ်းခဲ့တယ်လို့ ကယ်လီဖိုးနီးယား သစ်တောနဲ့ မီးဘေး ကာကွယ်ရေးဌာန Cal Fire က ပြောပါတယ်။

လုံးဝမထိန်းနိုင်သေးတဲ့ တောမီးက ထပ်ကူးစက်နှုန်းကို လျှော့ချနိုင်ရေး အကူအညီရဖို့ အဲဒီဒေသမှာ ပိုအေးတဲ့ အပူချိန်နဲ့ စိုစွတ်တဲ့ လေထုကို မျှော်နေရပါတယ်။

မီးလောင်မှုကြောင့် အဆောက်အဦ ၁၃၄ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ပြည်နယ်ရဲ့သမိုင်းမှာ လူသေဆုံးမှု အများဆုံးဖြစ်တဲ့ ၂၀၁၈  Camp Fire ကြောင့် ပျက်စီးခဲ့ရတဲ့ မြို့လေး ပါရာဒိုက်စ်အတွက် သတိပေးချက်အပါအဝင် ခရိုင်အများအပြားက ရပ်ရွာအများအပြားကို ဘေးလွတ်ရာဆီ ရွှေ့ဖို့ အမိန့်နဲ့ သတိပေးချက်တွေကို ထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၂၄ ရက် မွန်းလွဲပိုင်းက မီးလောင်နေတဲ့ ကားကို ချောက်ထဲ တွန်းချတဲ့ လုပ်ရပ်ကြောင့် Park Fire တောမီး စတင်လောင်ကျွမ်းခဲ့တယ်ဆိုတဲ့ သံသယနဲ့ တွန်းချသူ အမျိုးသားတဦးကို ဇူလိုင် ၂၅ ရက်မှာ ဖမ်းဆီးခဲ့ပါတယ်။ 

အမေရိကန်နိုင်ငံတဝန်း ဧက ၂ သန်းကျော် လောင်ကျွမ်းခဲ့တဲ့ မီးလောင်မှုမှာ ဒါဇင်နဲ့ချီတဲ့ တောမီးတွေကြားမှာ Park Fire တောမီးက အကြီးမားဆုံး မီးလောင်မှု ဖြစ်တယ်လို့ အမျိုးသား စုပေါင်းရုံး မီးသတ်ဌာနက ဆိုပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013