ဂရိမီးသတ်သမားတွေဟာ အေသင်မြို့တော်နားက တောင်ထူတဲ့ဒေသနဲ့ အေဂျီယံ ပင်လယ်ထဲက ကျွန်းတကျွန်းပေါ်မှာ လောင်နေတဲ့ တောမီးတွေကို ထိန်းချုပ်ဖို့ကြိုးစားအပြီး နာရီပိုင်းအကြာမှာပဲ လေပြင်းတွေတိုက်ခတ်နေတဲ့ကြားက အေသင်မြို့တော် တောင်ဘက်က တောမီးကို ဇွန် ၃၀ ရက်မှာ ကြိုးစား ငြှိမ်းသတ်ခဲ့ရပါတယ်။
အေသင်မြို့တောင်ဘက် ၂၂ မိုင်အကွာ ကေရာတေယာမြို့နားက လူနေကျဲပါးတဲ့ ဧရိယာမှာ မီးငြှိမ်းသတ်ဖို့ မီးသတ်ရေသယ်လေယာဉ် ၁၇ စင်းရဲ့ အကူအညီနဲ့ မီးသတ်သမား ဒါဇင်ပေါင်းများစွာက မီးငြှိမ်းသတ်နိုင်ခဲ့ပါတယ်။
ဂရိနိုင်ငံအနှံ့အပြားမှာ ပူပြင်းတဲ့ လေပြင်းတွေ တိုက်ခတ်နေလို့ သီတင်းပတ်ကုန်ရက်က တောမီး ဒါဇင်များစွာ လောင်ကျွမ်းခဲ့တာပါ။ အာဏာပိုင်တွေက လူတွေ သစ်တောဧရိယာတွေနဲ့ ဝေးဝေးမှာနေကြဖို့ အကြံပြုခဲ့ပါတယ်။
မြေထဲပင်လယ်ဒေသမှာ တောမီးတွေ အဖြစ်များပေမဲ့ မကြာသေးမီနှစ်တွေအတွင်း နွေရာသီတွေဟာ ပိုပူပြင်းခြောက်သွေ့လာတာပါ။
လေပြင်းတွေ ရာသီဥတုဖောက်ပြန်မှုရဲ့ သက်ရောက်မှုတွေကြောင့် မကြာသေးမီနှစ်တွေအတွင်း တောမီးအန္တရာယ် ပိုမိုဆိုးရွားလာခဲ့တယ်လို့ သိပ္ပံပညာရှင်တွေက ချိတ်ဆက် အစီရင်ခံထားပါတယ်။
ပြီးခဲ့တဲ့နွေရာသီက လူအသေအပျောက်များခဲ့တဲ့ တောမီးလောင်ကျွမ်းမှုတွေအပြီး အနွေးဆုံး ဆောင်းရာသီအဖြစ် စံချိန်တင်ခဲ့ပါတယ်။
အဲဒီနောက်မှာ ဂရိနိုင်ငံဟာ မီးလောင်မှုအသစ်တခုစီအတွက် မီးသတ်ကားတွေ အပိုထပ်ဆောင်း တာဝန်ချတာ၊ မီးသတ်လေယာဉ် အကူအညီတွေကို အရှိန်မြှင့်တာနဲ့ သစ်တောတွေကို ရှင်းလင်းတာတွေ အပါအဝင် မူဝါဒသစ်တရပ်ကို ချမှတ် ကျင့်သုံးခဲ့ပါတယ်။
Source-Reuters