မြောက်ကိုရီးယားနိုင်ငံဟာ ဇူလိုင် ၁ ရက်မှာ ပဲ့ထိန်းဒုံးကျည် ၂ စင်း ပစ်လွှတ်ခဲ့ပြီး ဒုတိယမြောက်ဒုံးကျည်ဟာ ပုံမှန်မဟုတ်တဲ့ လမ်းကြောင်းကနေ ပျံသန်းသွားတာ ဖြစ်နိုင်တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။
တကယ်လို့ ပျံသန်းရင်း ပေါက်ကွဲခဲ့ရင် ဒုတိယဒုံးကျည်ရဲ့ အပျက်အစီးတွေဟာ မြောက်ကိုရီးယားနိုင်ငံထဲကို ကျရောက်နိုင်တယ်လို့လည်း ဆက်ပြောပါတယ်။
ဒုံးကျည်ပစ်လွှတ်မှုကို တောင်ကိုရီးယားက ဆန်းစစ်နေဆဲဖြစ်ပြီး မြောက်ကိုရီးယားနိုင်ငံထဲမှာ ထိခိုက်သေဆုံးမှု ဒါမှမဟုတ် အိုးအိမ်တိုက်တာ ပိုင်ဆိုင်မှုတွေအတွက် ပျက်စီးမှု ရှိမရှိ ချက်ချင်း အတည်မပြုနိုင်သေးဘူးလို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များ (JCS) အဖွဲ့ ပြည်သူ့ရေးရာဒါရိုက်တာ လီဆွန်ဂျွန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
မြောက်ကိုရီးယားဟာ အနောက်ဘက်ကမ်းရိုးတန်း အနားကနေ တာတိုပစ်ဒုံးကျည်တစင်း ပစ်လွှတ်ခဲ့ပြီး အဲဒီဒုံးကျည်ဟာ ၃၇၃ မိုင်ထိ ပျံသန်းခဲ့တယ်၊ ဒုတိယမြောက် ဒုံးကျည်တစင်းက ကီလိုမီတာ ၁၂၀ လောက်ထိ ပျံသန်းခဲ့တယ်လို့ တောင်ကိုရီးယားနိုင်ငံ JCS အဖွဲ့က အစောပိုင်းမှာ ပြောခဲ့ပါတယ်။
Source-Reuters