အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့ အနောက်မြောက်ပိုင်းမှာ လောင်ကျွမ်းနေတဲ့ တောမီးကြောင့် ဇွန် ၁၇ ရက်အထိ ဧက ၁၄,၀၀၀ ကျော် လောင်ကျွမ်းသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
မီးသတ်ကား အစီး ၇၀ နဲ့ ဘူဒိုဇာ ၂ စင်းနဲ့အတူ မီးသတ်သမား အယောက် ၄၀၀ လောက်ဟာ သီတင်းပတ်ကုန်ရက်က Post Fire တောမီးကို ငြှိမ်းသတ်နေခဲ့တာပါ။
လက်ရှိ မီးငြှိမ်းသတ်နိုင်မှုက မီးလောင်ပြင်ရဲ့ ၈ ရာခိုင်နှုန်းသာရှိတယ်လို့ LA ခရိုင်မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
လော့စ်အိန်ဂျလိစ်မြို့ရဲ့ အနောက်မြောက်ဘက် မိုင် ၆၀ အကွာ ကယ်လီဖိုးနီးယားပြည်နယ် ဂေါ်မန်မြို့ တောင်ဘက်မှာ တောမီးလောင်နေခဲ့တာပါ။
အပူချိန်မြင့်မားမှု၊ စိုထိုင်းဆနည်းပါးမှုနဲ့ လေပြင်းတိုက်ခတ်မှုတွေက တောမီးကို ထိန်းချုပ်ဖို့ ကြိုးပမ်းချက်တွေကို အပြင်းအထန် အဟန့်အတား ဖြစ်နေတယ်လို့ LA မြို့နယ် မီးသတ်ဌာနက ပြောခဲ့ပါတယ်။
Source-Reuters