သိပ္ပံပညာရှင်တွေဟာ လေထုနဲ့ သမုဒ္ဒရာအတွင်း အပူချိန်တွေ မြင့်တက်လာတာက အမေရိကန်နိုင်ငံ ပြည်နယ်အတွင်း တောမီးတွေအပေါ် ဘယ်လိုသက်ရောက်နေလဲဆိုတာ ခွဲခြမ်းစိတ်ဖြာနေကြတုန်းပဲလို့ ကယ်လီဖိုးနီးယားပြည်နယ် စန်ဒီယေဂိုတက္ကသိုလ်က ဘူမိဗေဒနဲ့ ဘူမိရူပဗေဒဆိုင်ရာ ပါမောက္ခ နီယယ် ဒရစ္စကိုက ပြောလိုက်ပါတယ်။
“ဒီမီးတွေက အရှိန်မြန်နေတယ်၊ ဘေးကင်းရာဆီ ရွှေ့ခိုင်းရင် ရွှေ့ပေးပါ” လို့လည်း ဒရစ္စကိုက ပြောပါတယ်။
အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ် အနောက်မြောက်ပိုင်းမှာ ဇွန် ၁၈ ရက်က တောမီးကြောင့် ဧက ၁၅,၀၀၀ ကျော် လောင်ကျွမ်းခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ်မှာ လောင်တဲ့ Post Fire တောမီးမှာ ဧက ၁၅,၆၀၀ ကျော် လောင်ကျွမ်းခဲ့ပြီး ၂၀ ရာခိုင်နှုန်းသာ ထိန်းချုပ်နိုင်သေးတယ်လို့ မကြာသေးမီက ဖော်ပြခဲ့တဲ့ အစီရင်ခံစာကို ထောက်ပြပြီး အမျိုးသား သမုဒ္ဒရာနဲ့ လေထု စီမံခန့်ခွဲရေးရုံး (NOAA) က ဖော်ပြထားပါတယ်။
မီးခိုးငွေ့တွေကို ဂြိုဟ်တုကနေ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေနဲ့အတူ အေဂျင်စီက လူမှုကွန်ရက် မီဒီယာ X မှာ ဖော်ပြထားပါတယ်။
မြင့်မားတဲ့ အပူချိန်၊ စိုထိုင်းဆနည်းပြီး လေပြင်းတိုက်ခတ်မှုတို့ကြောင့် တောမီးကိုထိန်းချုပ်ဖို့ ကြိုးပမ်းရခက်နေတယ်လို့ LA မြို့နယ် မီးသတ်ဌာနက ပြောပါတယ်။
Source-Reuters