တရားမဝင် အွန်လိုင်းလောင်းကစားသံသယနဲ့ ဖမ်းဆီးထားတဲ့ တရုတ်နိုင်ငံသား ၁၅၀ ကို မြန်မာ ဘက်ကနေ တရုတ်နိုင်ငံဘက်ကို ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ တရုတ်ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက ဇွန် ၁၈ ရက်မှာ ပြောတဲ့အကြောင်း တရုတ်ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံ တာချီလိတ်မြို့နယ်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း စခန်း ၁၀ ခုကို အောင်မြင်စွာ ဖျက်ဆီးနိုင်ခဲ့ပြီး နယ်စပ်ဖြတ်ကျော် ကျားဖြန့်လုပ်ငန်းလုပ်ဆောင်နေသူ တရုတ်နိုင်ငံသား သံသယတရားခံ ၁၅၀ ကို ဖမ်းဆီးနိုင်ခဲ့ကာ ဒီထဲမှာ အွန်လိုင်းတရားခံပြေး ၁၄ ဦး ပါဝင်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်ကတည်းက မြန်မာနဲ့တရုတ်ရဲတပ်ဖွဲ့တွေက နယ်စပ်ဖြတ်ကျော် အွန်လိုင်းလောင်းကစား မှုတွေကို ပူးပေါင်းနှိမ်နင်းခဲ့တာမှာ စုစုပေါင်း တရုတ်နိုင်ငံသား သံသယ တရားခံ ၄၉,၀၀၀ ကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးပြီးဖြစ်တယ်လို့ တရုတ်သတင်းအရ သိရပါတယ်။
မြန်မာနိုင်ငံ မြောက်ပိုင်း ကိုးကန့်ဒေသမှာခြေစိုက်တဲ့ ကာစီနိုလောင်းကစားတွေနဲ့ တရုတ်ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို အကြောင်းပြုပြီး စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ၂၀၂၇ စစ်ဆင်ရေးအတွင်းမှာ စစ်ကောင်စီဘက်က သိမ်းပိုက်နယ်မြေတွေ ဆုံးရှုံးခဲ့ပါတယ်။
Photo- Xinhua