တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ စီချွမ်ပြည်နယ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကစတင် တောမီးလောင်ခဲ့လို့ မီးသတ်သမားတွေက မီးငြှိမ်းသတ်ဖို့ကြိုးစားခဲ့ကြပြီး မတ် ၁၈ ရက်မှာ တောမီးကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံ CCTV က ထုတ်လွှင့်ပါတယ်။
သောကြာနေ့ ညနေ ၅ နာရီလောက်က ယာကျန်းခရိုင် ဘိုင်ကျိကျေးရွာမှာ မီးလောင်ပြီး မီးကူးစက်ခဲ့လို့ မီးသတ်သမားတွေက မီးတောက် မီးခိုးတွေကို မီးသတ်ဆေးတွေ ရေတွေနဲ့ ဖျန်းပက်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းအေဂျင်စီ ဆင်ဟွာက ထုတ်ပြန်ပါတယ်။
မီးငြှိမ်းသတ်နိုင်ရေးအတွက် မီးသတ်တပ်ဖွဲ့ဝင် အယောက် ၁,၀၀၀ ကျော်ကို အာဏာပိုင်တွေက တာဝန်ချထားခဲ့ပြီး တောမီးကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။
မတ် ၁၈ ရက် မနက် ၅ နာရီခွဲလောက်က နေရာတခုမှာ မီးငြိမ်းသွားခဲ့လို့ တခြားနေရာနှစ်ခုမှာ ဆက်ပြီး မီးငြှိမ်းသတ်ခဲ့တယ်လို့ CCTV သတင်းဌာနက ပြောပါတယ်။
တောမီးကြောင့် ဒေသခံအယောက် ၅,၉၀၀ ကျော်ကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းဖို့ အမိန့်ပေးခဲ့တယ်လို့ CCTV က ထုတ်ပြန်ခဲ့ပါတယ်။
Source/Photo-Reuters