အီတလီ နောက်ခံလူ အက်ချက်ဘီဟာ နာပိုလီနောက်ခံလူ ဂျီးဆပ်စ်အပေါ် လူမျိုးရေးခွဲခြား ခဲ့တာကြောင့် အီတလီလက်ရွေးစင်အသင်းက အိမ်ပြန်လွှတ်ခဲ့ပါတယ်။
အင်တာမီလန်က နာပိုလီအသင်းနဲ့ တဂိုးစီသရေကျတဲ့ပွဲစဉ် ဒုတိယပိုင်းမှာ နာပိုလီနောက်ခံလူ ဂျီးဆပ်စ်က ဒိုင်လူကြီးကို သွားရောက်စောဒကတက်ရာမှာ အင်တာနောက်ခံလူ အက်ချက်ဘီက ဂျီးဆပ်စ်ကို လူမျိုးရေးခွဲခြားတဲ့ စကားအသုံးအနှုန်းနဲ့ ပြောဆိုခဲ့တာပါ။
ပွဲအပြီးမှာ အက်ချက်ဘီက ဂျီးဆပ်စ်အပေါ် ပြန်လည် တောင်းပန်စကားဆိုခဲ့လို့ ကစားသမားအချင်းချင်းကြားမှာ အဆင်ပြေသွားခဲ့ပေမဲ့ အီတလီ လက်ရွေးစင်အသင်းဘက်က အရေးယူခဲ့တာပါ။
အက်ချက်ဘီဟာ အီတလီလက်ရွေးသင်းရဲ့ နေထိုင်တည်းခိုရာနေရာကို ရောက်ရှိလာခဲ့ပြီး လူမျိုးရေးခွဲခြားခဲ့တာနဲ့ ပတ်သက်လို့ နည်းပြနဲ့ အသင်းဖော်တွေကို ဆွေးနွေးရှင်းပြခဲ့ပါတယ်။
နောက်ဆုံးမှာတော့ အသင်းလူစာရင်းကနေ နုတ်ထွက်သင့်တယ်လို့ ယူဆတာကြောင့် အက်ချက်ဘီ ကို အိမ်ပြန်လွှတ်ခဲ့တာဖြစ်ကြောင်း အီတလီ လက်ရွေးစင်အသင်းက သတင်းထုတ်ပြန်ပါတယ်။
Photo-Reuters