ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်ခဲ့လို့ လေးမှတ်လျှော့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ နော်တင်ဟမ် ဖောရက်စ်အသင်းဟာ တန်းဆင်းဇုန်ကို ရောက်ရှိသွားပါတယ်။
နော်တင်ဟမ်အသင်းဟာ ပြီးခဲ့တဲ့ ရာသီအတွင်းမှာ ကစားသမားအများဆုံး ခေါ်ယူခဲ့တဲ့အသင်းဖြစ်ပြီး စုစုပေါင်း ၄၂ ဦးအထိရှိခဲ့တာပါ။
နောက်ဆုံးထုတ်ပြန်တဲ့ ဘဏ္ဍာရေးတနှစ်တာအတွင်း ပေါင် ၄၅ သန်းကျော် အရှုံးပေါ်ခဲ့ပါသေးတယ်။
နော်တင်ဟမ်အသင်းအနေနဲ့ အမြတ်နဲ့ ရေရှည်တည်တံ့နိုင်ရေး စည်းမျဉ်းတွေကို ချိုးဖောက် ခဲ့တာကြောင့် အရေးယူခဲ့တာလို့ ပရီးမီးယာလိဂ်က ထုတ်ပြန်ပါတယ်။
နော်တင်ဟမ်ဘက်ကတော့ အယူခံတင်သွင်းသွားမှာဖြစ်ပြီး ပြစ်ဒဏ်အပေါ် အံ့အားသင့်မိသလို ပရီးမီးယားလိဂ်မှာ ဆက်ရှိဖို့လည်း ယုံကြည်ကြောင်း ထုတ်ပြန်ပါတယ်။
နော်တင်ဟမ်အသင်းဟာ ၄ မှတ်လျှော့ပြစ်ဒဏ်ကြောင့် ရမှတ် ၂၁ မှတ်နဲ့ အဆင့် ၁၈ နေရာရောက်သွားပြီး ၂၂ မှတ်ရရှိထားတဲ့ လူတန်တောင်းအသင်းက အဆင့် ၁၇ မှာ ရပ်တည်နေပြီး တန်းဆင်းဇုန်ရဲ့ အပေါ်မှာ ပြန်လည် ရပ်တည်နေပါတယ်။
Photo-Reuters