အင်္ဂလန်နည်းပြ ဆောက်ဂိတ်ဟာ လီဗာပူးနောက်ခံလူ အာနိုးလ်ကို ကွင်းလယ်နေရာမှာ ထပ်မံစမ်းသပ် အသုံးပြုသွားဖို့ ပြင်ဆင်ထားတယ်လို့သိရပါတယ်။
အင်္ဂလန်အသင်းဟာ အခုတပတ်နိုင်ငံတကာ ခြေစမ်းပွဲရက်သတ္တပတ်မှာ ဘရာဇီး၊ ဘယ်လ်ဂျီယံအသင်းတွေနဲ့ ခြေစမ်းကစားသွားမှာပါ။
အဲဒီပွဲစဉ်နှစ်ပွဲမှာ ညာနောက်ခံကစားသမား အာနိုးလ်ကို ကွင်းလယ်နေရာမှာ ထပ်မံစမ်းသပ်သွားဖို့ ပြင်ဆင်ခဲ့ပေမဲ့ တံကောက်ကြောဒဏ်ရာရရှိနေလို့ အသင်းလူစာရင်းကနေ ချန်လှပ်ခဲ့ရတာပါ။
အာနိုးလ် မပါဝင်နိုင်တော့တာကြောင့် ဒက်ကလန်ရိုက်စ်နဲ့ ဘယ်လင်ဂမ်ကိုလည်း ကွင်းလယ်နေရာမှာ တွဲဖက်အသုံးပြုဖို့ ရှိပါတယ်။
အင်္ဂလန်အသင်းမှာ တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ ဒဏ်ရာအခြေအနေကို စောင့်ကြည့်နေရသလို ဒဏ်ရာအနည်းငယ်ရှိနေတဲ့ ဟန်ဒါဆန်ဟာလည်း အသင်းဆီ ပူးပေါင်းနိုင်ဖို့ မသေချာသေးဘူးလို့ သိရပါတယ်။
Photo-Reuters