လွတ်လပ်ရေးရဖို့ ထိုင်ဝမ်မှာ ခွဲထွက်ရေးသမားတွေနဲ့ ပြင်ပအင်အားစုတွေ ပူးပေါင်း လုပ်ဆောင်နေတာကို တရုတ်က ဘယ်တော့မှ မစစ်ဆေးဘဲ လွှတ်ထားမှာ မဟုတ်ဘူးလို့ တရုတ် အစိုးရ ထိုင်ဝမ်ရေးရာရုံးက ဒီဇင်ဘာ ၁၁ ရက်မှာ ပြောလိုက်ပါတယ်။
ထိုင်ဝမ်ကျွန်းတဝိုက်မှာ တရုတ်က ဆက်တိုက် စစ်ရေးလှုပ်ရှားနေတာနဲ့ ပတ်သက်ပြီး မေးမြန်း ချိန်မှာ ခုလို ပြောလိုက်တာပါ။
တရုတ်နိုင်ငံဟာ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုကို ပြတ်ပြတ်သားသား ခုခံကာကွယ်ဖို့နဲ့ ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်အေးချမ်းရေးကို ကာကွယ်ဖို့ လိုအပ်တဲ့ ဆောင်ရွက်ချက်တွေကို လုပ်ဆောင်နေတယ်လို့ ပြောရေးဆိုခွင့်ရှိသူ ကျူးဖှုန့်လျန်က တရုတ်မြို့တော် ပေကျင်းမှာ ပုံမှန်ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောခဲ့ပါတယ်။
စစ်ရေးလှုပ်ရှားမှုနဲ့ပတ်သက်ပြီး တရုတ်က မှတ်ချက်မပေးသေးဘဲ စစ်ရေးလေ့ကျင့်နေကြောင်းကို အတည်မပြုနိုင်သေးပါဘူး။
တရုတ်အစိုးရဟာ ထိုင်ဝမ်ကျွန်းတဝိုက်မှာ စစ်လေယာဉ် ၅၃ စင်းအပါအဝင် စစ်ရေးလှုပ်ရှားမှုတွေ အရှိန်အဟုန်မြှင့် လုပ်နေတယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
Source: Reuters