Home
သတင်းဓာတ်ပုံ
မောင်တောတိုက်ပွဲ၌ စစ်ကောင်စီတပ်က ၄၅၀ ခန့် သေဆုံး၊ ရိုဟင်ဂျာလက်နက်ကိုင်များ အပါအဝင် စစ်သုံ့ပန်းများ ဖမ်းမိ
DVB
·
December 11, 2024
Photo: AA
Photo: AA
Photo: AA
Photo: AA
Photo: AA
Photo: AA
Photo: AA
Photo: AA
Photo: AA
Photo: AA
Photo: AA

ရခိုင်ပြည်နယ်၊  မောင်တောမြို့နယ်မှာ နခခ (၅) အပါအဝင် မောင်တောဒေသတခုလုံးကို အာရက္ခ တပ်တော် (AA) က အလုံးစုံသိမ်းပိုက်ရရှိပြီး စစ်ကောင်စီတပ်သား ၄၅၀ ထက်မနည်း သေဆုံးခဲ့ကာ စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းဦးဆောင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရိုဟင်ဂျာလက်နက်ကိုင် သုံ့ပန်းအများအပြားကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ AA က ဒီဇင်ဘာ ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။  

အောက်တိုဘာ ၁၄ ရက်ကနေ မောင်တောမြို့ရဲ့ တခုတည်းကျန်ရှိနေတဲ့ နခခ(၅)ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၈ ရက် မနက် ၉ နာရီမှာ အပြီးသတ်သိမ်းပိုက် ရရှိခဲ့တာဖြစ်တာကြောင့် လက်ရှိမှာ မောင်တော ဒေသတခုလုံးကို အလုံးစုံထိန်းချုပ်နိုင်ပြီလို့ ဆိုပါတယ်။

ဒါပေမဲ့  နခခ(၅) ကထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ARSA ၊ RSO ၊ ARA လက်နက်ကိုင်အဖွဲ့တွေ ရှိနေသေးတာကြောင့် မောင်တောဒေသမှာ တခါတရံတိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

နခခ (၅) ထိုးစစ်အတွင်းမှာ စစ်ကောင်စီတပ်သား ၄၅၀ အထက် သေဆုံးခဲ့ပြီး ဘူးသီးတောင်မြို့ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း၊ စကခမှူး ကိုယ်ရေးအရာရှိ ဗိုလ်ကြီး ဝေလင်းအောင်၊ တတိယတန်း ဦးစီးအရာရှိ အပါအဝင် အရာရှိ၊ အကြပ်၊ စစ်သည် အမြောက်အမြားနဲ့ RSO၊ ARSA၊ ARA လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းအမြောက်အမြားကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ရုပ်သံနဲ့တကွထုတ်ပြန်ထားပါတယ်။

နခခ (၅) စခန်းက မောင်တောမြို့ရဲ့ မြိုသူကြီးရပ်ကွက်မှာ တည်ရှိပြီး စစ်ကောင်စီ အင်အား ၇၀၀ ကျော် စခန်းချတပ်စွဲထားသော စခန်းကြီးတခုဖြစ်ပါတယ်။

ထောင့်မှန်စတုဂံ ပတ်လည်ပုံစံရှိပြီး အရပ်လေးမျက်နှာမှာ အခိုင်အမာ တည်ဆောက်ထားတဲ့ ဘန်ကာ ၂၀ ကျော်၊ ဘန်ကာအသေး၊ Overhead စုစုပေါင်း ၁၀၀ ကျော်ရှိကာ စခန်းအတွင်းမှာလည်း ခိုင်ခံ့ထူထပ်တဲ့ အဆောက်အအုံကြီး ၃၀ ကျော်လည်း ဆောက်လုပ်ထားပါတယ်။

ပလက်ဝအပါအဝင် အာရက္ခတပ်တော်က သိမ်းပိုက်ထားတဲ့ မြို့နယ် ၁၂ မြို့နယ်အထိ ရှိလာနေပြီး လက်ရှိမှာ အမ်း၊ တောင်ကုတ်နဲ့ ဂွ မြို့နယ်တွေကို သိမ်းပိုက်ရရှိဖို့ AA တပ်တွေက အရှိန်အဟုန်မြှင့် ဆက်လက် ထိုး စစ်ဆင်တိုက်ခိုက်နေပါတယ်။ 

Photo: AA

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024